Tuesday, September 24, 2013

မာရ်နတ်၏ ပထမစစ်တပ်

                                           မာရ်နတ်ဟု ဆိုလိုက်သည်နှင့် အဖျက်သမား၊ အဖျက်တရားဟူ၍ ဗုဒ္ဗဘာသာဝင်တို့ ချက်ခြင်း သိကြ၏။ မာရ်ဆိုသည်မှာ “မာရ”ဟူသော ပဠိမှ ဆင်းသက်လာသည့် ပါဠိသက် မြန်မာဝေါဟာ ရဖြစ် ၏။ သေတတ် သည့်သဘော၊ သေအောင်သတ်တတ်သည့်သဘောကို မာရ(မာရ်)ဟု ခေါ်ပေသည်။

လူကိုသတ်သည့် မာရ်ကို လူသတ်သမား၊ စိတ်ကိုသတ်သည့်မာရ်ကို စိတ်သတ် သမား ဟု ခေါ်နိုင်ပေသည်။ လူကိုလည်း သတ်၊ စိတ်ကိုလည်းသတ်သည့်မာရ်က ငါးပါးရှိရာ ၎င်းတို့မှာ ဒေ၀ပုတ္တမာရ်၊ ကိလေသာမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်နှင့် မစ္စုမာရ်တို့ဖြစ်ကြ၏။ ဒေ၀ပုတ္တမာရ်ဆိုသည်မှာ အားလုံးသိကြသော နတ်ပြည်ခြောက်ထပ်၏ အထက်ဆုံးနတ်ပြည် ဖြစ်သည့် ပရနိမ္မိတ၀ဿဝတီနတ်ပြည်ရှိ မာရ်နတ်သား ပင်ဖြစ်သည်။ ၎င်းမာရ်နတ်သည် ရဟန်းပုဂ္ဂိုလ် လူထိုထိုကို သံသရာပြတ်ကြောင်း အလုပ်လုပ်ပြီဆိုသည်နှင့် ထိုပုဂ္ဂိုလ်ကို ယင်းအလုပ် မအောင်မြင်အောင် နှောင့်ယှက်ဖျက်ဆီးလေတော့၏။ သူ့နှောင့်ယှက် မှု အောင်မြင်သွားလျှင် ထိုသူ ဘ၀များစွာ သေရတော့မည်ဖြစ်သောကြောင့် မာရ်နတ်ကို “မာရ=မာရ်=သတ်ဖြတ်သူ၊ ညှဉ်းပန်းနှိပ်စက်သူ”ဟု ခေါ်ပေသည်။
http://htunhlaing.blogspot.com/ မှတင်ပြသည်။

No comments:

Post a Comment