ဓမ္မဒေသနာကုသိုလ်ဆိုတာ တရားဟောကြားမှုကို ခေါ်ပါသည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်
သောစိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ= အလှူဟူသမျှကို ဓမ္မ
အလှူကနိုင်၏။ ဓမ္မအလှူက အကျိုးပေးသာ၏။” ဟု ဟောပြောတော်မူသည့်အတိုင်း အလွန်အကျိုး
ကြီးပေ၏။ ထို့ကြောင့် ဓမ္မဒေသနာကုသိုလ်အစစ် ဖြစ်စေလိုလျှင် ထိုတရားဟောမှုကြောင့် ရမည့်
ပစ္စည်း လာဘ်နှင့် ကျော်စောခြင်း ဂုဏ်ပကာသနကို မမျှော်လင့်သင့်ချေ။ မျှော်လင့်လျှင် ထိုလာဘ်
လာဘနှင့် ဂုဏ်ပကာသနကို လိုချင်သော လောဘက ဓမ္မဒေသနာ ကုသိုလ်ကြီး၏ အကျိုးပေးမှုကို
သေးသိမ်ညံ့ဖျင်းအောင် နှောင့်ယှက်လိမ့်မည် ဖြစ်ပေသည်။ ။
{ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ တဆင့်ကူးယူရေးသားပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanadi.tk
http://www.damanadi.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
---------------------------
“ ကုသိုလ်ရေးမို့ ကြိုးစားမည် ”
================
* ဗုဒ္ဓမြတ်စွာ၊ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ၊ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်။
* ဗုဒ္ဓမြတ်စွာ၊ သာသနာအတွက်တော့
ငါပါအသက် ဆုံးစေမည်။
* စိတ်မပျက်ပေါင်၊ ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။
( မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
No comments:
Post a Comment