မြတ်စွာဘုရားရှင်က
လူတစ်ယောက်ဟာ နံနက် တစ်ကြိမ် ထမင်း အိုးကြီးတစ်ရာချက်ပြီး ကျွေးမွေး
လှူဒါန်းတယ်။ နေ့လည် တစ်ကြိမ် ထမင်း အိုးကြီးတစ်ရာချက်ပြီး
ကျွေးမွေးလှူဒါန်းတယ်။ ညနေ တစ်ကြိမ် ထမင်း အိုးကြီးတစ်ရာချက်ပြီး ကျွေးမွေး
လှူဒါန်းတယ်။
လူတစ်ယောက်ကတော့ နံနက်
တစ်ကြိမ် နို့တစ်ညှစ်စာ မေတ္တာပွါးတယ်။ နေ့လည် တစ်ကြိမ် နို့တစ်ညှစ်စာ
မေတ္တာပွါးတယ်။ ညနေ တစ်ကြိမ် နို့တစ်ညှစ်စာ မေတ္တာပွါးတယ်။
အဲဒီ ထမင်းအိုးကြီး တစ်ရာ
ချက်ပြီးသုးံကြိမ်လှူတဲ့ အလှူဒါနထက် နို့တစ်ညှစ်စာ မေတ္တာသုးံကြိမ် ပွါးတာက
ပိုပြီးကျေးဇူးများတယ်လို့ မိန့်ဆိုထားပါတယ်။
တစ်ချို့တစ်ချို့သော
သူတွေကတော့ မေတ္တာရဲ့ အကျိုးကျေးဇူးတွေကို မယုံကြည်ချင်ကြဘူးဆိုလို့ရှိရင်
ခဏခဏ လက်တွေ့ကျကျ မေတ္တာပို့ အမျှဝေကြည့်ပါ ။ သိသာပါလိမ့်မယ်။
ထို့ကြောင့်
မေတ္တာဘာဝနာကို မှန်ကန်တဲ့ စိတ်ထားနဲ့ ယုံယုံကြည်ကြည် ထိထိမိမိသာ
ပုံမှန်ပွါးများမယ် ဆိုရင် သိပ်ပြီးတော့ အပြုသဘောဆောင်တဲ့ အလားအလာ
ကောင်းတွေကို တွေ့မြင် ခံစားရမှာ ဖြစ်ပါတယ်။
အရှင် စန္ဒိမာ(ဓမ္မလရိပ်)
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင် တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.
အရှင် စန္ဒိမာ(ဓမ္မလရိပ်)
No comments:
Post a Comment