ဦးမေအောင်ကို ၁၈၈၀ ခုနှစ်၊ ဇန္န၀ါရီ ၆ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အဖ
ဦးသာဒိုးဖြူ၊ အမိ ဒေါ်နှောင်းဒွေး တို့ မိဘနှစ်ပါးမှ ဖွားမြင်သည်။ ရန်ကုန်အစိုးရ အထက်တန်း
ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်သည်။ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတွင် ပထမရ၍
“ရနောင်းဘုရင်ခံဆု”ရသည်။ ရန်ကုန်ကောလိပ်တွင် ပညာဆက်သင်ရာ(အက်ဖ်အေ) ဥပစာတန်း၌
ပထမရသောကြောင့် “ ဂျာဒင်းဆု” ရသည်။ ၁၉၀၇ တွင် အင်္ဂလန်ကိန်းဘရစ်တက္ကသိုလ်မှ ဥပဒေ
ဘွဲ့နှင့်မဟာဝိဇ္ဇာဘွဲ့ရသည်။ ဘီဂန်းဒက်ရွှေတံဆိပ် ထပ်မံရသည်။ ၁၉၂၂ ခုနှစ်တွင်
တက္ကသိုလ်မှအယ်လ်အယ်လ်အမ် ဥပဒေမဟာဘွဲ့ ထပ်မံ ချီးမြှင့်ခံရသည်။
၁၉၀၆ ခုနှစ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝ (၀ိုင်အမ်ဘီအေ) အသင်းကြီးကို စတင်တည်
ထောင်သည်။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကို စတင်ပျိုးထောင်သူများတွင် တစ်ဦးအပါ
အ၀င်ဖြစ်၍ အသင်းဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၁၇ ခုနှစ်တွင် ၀ိုင်အမ်ဘီအေအသင်း၏ ကိုယ်စားလှယ် ဒုတိယခေါင်းဆောင်အဖြစ်
ဦးဘဖေ၊ ဦးဖေ၊ ဦးစုတို့နှင့်အတူ အိန္ဒိယသို့သွားရောက်၍ အိန္ဒိယပြည်ဆိုင်ရာအတွင်းဝန်မွန်တေဂူ
နှင့် တွေ့ဆုံဆွေးနွေးသည်။ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(၀ိုင်အမ်ဘီအေ) မှ ပေးပို့တောင်း
ဆိုသောသ၀ဏ်လွှာကို ဒုတိယခေါင်းဆောင် ဦးမေအောင်က အိန္ဒိယဆိုင်ရာအတွင်းဝန်ကြီး မစ္စတာ
မွန်တေဂူနှင့် အိန္ဒိယဆိုင်ရာ ဘုရင်ခံချုပ်ကြီး လော့(ဒ်)ချမ်း(စ်)ဖို့(ဒ်)တို့၏ ရှေ့မှောက်ဖတ်ကြား
တင်သွင်းနေချိန်တွင် အားလုံးသော ပရိသတ်များသည် ငြိမ်သက်နေသည်။ ဦးမေအောင်၏ အသံ
ကို အာရုံစိုက်နေကြသည်။ “ မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်ပေးပါ ”ဟုဆိုသော အပိုဒ်တွင်
အတွင်းဝန်ကြီးနှင့် ဘုရင်ခံအပါအ၀င် အိန္ဒိယခေါင်းဆောင်များ လှုပ်ရှားသွားကြသည်။ မျက်ကလဲ
ဆန်ပျာနှင့် ဦးမေအောင်ကို ကြည့်ကြသည်။
ဦးမေအောင်သည် တိုင်းပြည်ပေါ်တွင် သံယောဇဉ်ကြီးရှာသည်။ တိုင်းပြည်နှင့် လူမျိုးအ
တွက်ဆိုလျှင် သူ့ကိုယ်ကျိုးကိုမကြည့်။ တိုင်းပြည်ဘက်က ရပ်တည်ခဲ့သည်။ ဦးမေအောင်၏ တ
ရားပွဲဆိုလျှင် ပြည်သူပရိတ်သတ်များ အတော်နားစွဲခဲ့သည်။ စစ်တွေသံခပ်ဝဲ၀ဲနှင့် ပြောတတ်သူ
ဦးမေအောင်၏ ဟောပြောချက်များသည် ပြည်သူပရိတ်သတ်များကို အတော်စွဲလမ်းစေခဲ့သည်။
နှစ်သက်ကျေနပ်စရာ ဖြစ်ခဲ့သည်။
နိုင်ငံရေးသမားဘ၀ မြန်မာပြည်ကို အိန္ဒိယပြည်ထဲက ခွဲထုတ်ပြီး အင်္ဂလိပ်အစိုးရရဲ့ ကြီး
ကြပ်မှုအောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ နေရဖို့ဆိုတာကို ပရိတ်သတ်ဗိုလ်ပုံအလယ်မှာ ဟော
ပြောတဲ့အခါ ပရိတ်သတ်က သြဘာပေးခဲ့ကြသည်။
ဦးမေအောင်သည် အစိုးရကပေးသော ပြည်ထဲရေးဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရင်း
၁၉၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် ပြင်ဦးလွင်၌ ကွယ်လွန်ခဲ့သည်။
{အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများမှ ကောက်နုတ်ရေးသားပါသည်။}
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment