သူတော်ကောင်းဥစ္စာ ၇ ဖြာမှာ ==
၁။ သဒ္ဓာ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
၃။ သုတ = အကြားအမြင်များခြင်း။
၎။ စာဂ = ပေးကမ်းစွန့်ကြဲခြင်း။
၅။ ပညာ = လောကီ လောကုတ္တရာ ပညာနှစ်ပါးနှင့် ပြည့်စုံခြင်း။
၆။ ဟီရိ = သူတော်ကောင်းတို့ ကဲ့ရဲ့မည်ကို ရှက်ခြင်း၊ မကောင်းမှုကို ရှက်ခြင်း။
၇။ သြတ္တပ္ပ = ပစ္စုပ္ပန် သံသရာဘေးကို ကြောက်လှန့်ခြင်း၊ မကောင်းမှုကို ကြောက်လှန့်ခြင်းတို့
ဖြစ်ပါတယ်။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanadi.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
==============================
“အဓိဌာန်”
========
ငါ့တွက်များမြောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ သာသနာ၏
ရှည်စွာအဓွန့် ရောင်လျံကွန့်ဖို့
စွန့်စွန့် စားစား ငါကြိုးစားသည်
စိတ်ထား ငါ့မှာ အမြဲတည်း။ ။
(ဆရာတော် အရှင်ဇနကာဘိဝံသ)
သာဓု သာဓု သာဓု
ReplyDelete