Monday, March 3, 2014

ဗုဒ္ဓဘာသာဝင်တို့၏ သရဏဂုံခံယူပုံ လေးမျိုး။

        ဗုဒ္ဓဘာသာဝင်တို့၏ အစသည် သရဏဂုံ ဖြစ်ပါသည်။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာ
မြတ်သုံးပါးကို ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါမည်ဟု ခံယူဆောက်တည်ခြင်းသည် ဗုဒ္ဓဘာ
သာဝင်အဖြစ် စတင်ခံယူလိုက်ခြင်းပင် ဖြစ်ပါသည်။ သရဏဂုံတည်သူသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။

         သရဏဂုံခံယူရာ၌ ခံယူပုံ အခြင်းအရာ လေးမျိုးရှိပါ၏။ ထို လေးမျိုးကိုပင် သရဏဂုံ လေးမျိုး
ဟုခေါ်ဝေါ်ကြပါ၏။ ယင်း လေးမျိုးမှာ====
၁။ အတ္တသန္နယျာတန သရဏဂုံ =ရတနာသုံးပါးကို အာရုံပြုလျက် “ ယနေ့မှအစပြု၍ ငါသည်  ငါ၏
ကိုယ်ကို ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးအား အပ်နှင်းပါ၏ ” ဟု မိမိကိုယ်ကို ရတနာသုံး
ပါးအား စွန့်လွှတ်အပ်နှင်းခြင်းကို အတ္တသန္နယျာတန သရဏဂုံ ဟုခေါ်ပါသည်။
၂။ တပ္ပရာယဏတာ သရဏဂုံ =“ ယနေ့မှစ၍ ငါသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သာ
လျှင် အားကိုးပါ၏။ အားထားပါ၏။ ကိုးကွယ်ပါ၏။ လည်းလျောင်းပါ၏ ” ဟု ရတနာသုံးပါးကို အား
ကိုးအားထားခြင်း၊ ကိုးကွယ်လည်းလျောင်းခြင်းကို တပ္ပရာယဏတာ သရဏဂုံ ဟု ခေါ်ပါသည်။
၃။ သိဿဘာဝူပဂမန သရဏဂုံ=“ယနေ့မှစ၍ ငါသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ အနီး
နေတပည့်ဖြစ်သည် ” ဟု ရတနာသုံးပါး၏တပည့်အဖြစ် ကပ်ရောက်ခြင်း၊ ခံယူခြင်းကို သိဿဘာဝူ
ပဂမန သရဏဂုံ ဟု ခေါ်ပါသည်။
၎။ ပဏိပါတ သရဏဂုံ = “ ယနေ့မှစ၍ ငါသည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးကိုသာ
လျှင် ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း အမှုတို့ကို ပြုပါ၏ ” ဟု ရတနာ
သုံးပါး၌ အဌွက်အမြတ်ဖြစ်သည့် လွန်စွာ ရိုသေပျပ်ဝပ်ခြင်းကို ပဏိပါတ သရဏဂုံ ဟု ခေါ်ပါသည်။
         ဤ ကိုးကွယ်ဆည်းကပ်ပုံ လေးမျိုးတွင် တမျိုးမျိုးဖြင့် အားကိုးအားထားရာအဖြစ် ကိုးကွယ်
ဆည်းကပ်လျှင် သရဏဂုံ ခံယူမှုကိစ္စ ပြီးမြောက်ပါသည်။  (သီလက္ခန္ဓအဌကထာ၊  စာ ၂၀၆-၇)
ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်မှုကို
အစဉ်စောင့်ရှောက်ခြင်းဖြင့် ဗုဒ္ဓဘာသာကောင်းတစ်ယောက် ဖြစ်နိုင်ကြပါစေ ကုန်သတည်း။
   { ချမ်းမြေ့ဆရာတော်၏ အခြေပျိုး ဗုဒ္ဓဘာကာကို ကိုးကားရေးသားပူဇော်ပါသည်။ }
        (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment