Sunday, March 2, 2014

ပုညကိရိယာဝတ္ထု (၁၀)ပါး


မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရားလည်း  (၁၀)ပါး ရှိလေ၏။ ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။ ပုညကိရိယာဝတ္ထု-ဟုလည်း ခေါ်၏။ ထို(၁၀)ပါးကား -

(၁) ဒါန        - စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊
(၂) သီလ    - (၅)ပါး၊ (၈)ပါး အစရှိသည့် ရှောင်ကြဉ်မှုများကို စောင့်ထိန်းခြင်း၊
(၃) ဘာဝနာ    - သမထ၊ ဝိပဿနာ ကမ္မဋ္ဌာန်းများ အားထုတ်ခြင်း၊
(၄) အပစာယန    - ရိုသေ လေးစားထိုက်သူများအား ရိုသေ လေးစားခြင်း၊
(၅) ဝေယျာဝစ္စ    - သူတစ်ပါးတို့၏ ကုသိုလ်ကိစ္စများ၌ ဝိုင်းဝန်းကူညီခြင်း၊
(၆) ပတ္ထိဒါန    - မိမိ ကုသိုလ် ကောင်းမှုအဖို့ကို အမျှပေးဝေခြင်း၊
(၇) ပတ္တာနုမောဒနာ    - သူတစ်ပါး ပြုသော ကောင်းမှု ကုသိုလ်အဖို့ကို ဝမ်းမြောက်သာဓုခေါ်ခြင်း၊
(၈) ဓမ္မသဝန    - တရားနာခြင်း၊ တရားစာပေဖတ်ခြင်း၊ တရားစာပေ လေ့လာသင်ယူခြင်း၊
(၉) ဓမ္မဒေသနာ    - တရားဟောခြင်း၊ တရားစာပေပို့ချခြင်း၊ တရားစာပေ ကျမ်းဂန်များ ရေးသားခြင်း၊
(၁၀) ဒိဋ္ဌိစုကမ္မ    - ကံ၊ ကံ၏ အကျိုးမှစ၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ယုံကြည်ချက် ရှိစွာဖြင့် ကောင်းသော အယူကို ဖြူစင် ဖြောင့်မှန်အောင် ပြုလုပ်ခြင်း။

No comments:

Post a Comment