ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောတဲ့ တရားကို နာယူပြီး
မြတ်သောအကျင့်ကျင့်ပြီး နိဗ္ဗာန်ရဖို့ ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာ မရှိပါ။ အဲဒီ ငရဲကျနေတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်ပါတယ်။
ငရဲဘုံဆိုတာကို ပါဠိလို “နိရယ” လို့ ခေါ်တယ်။ “နိရ်” ဆိုတာက မရှိဘူး၊ “အယ” က ချမ်း
သာသုခ၊ ချမ်းသာသုခ တစ်စက်ကလေးမှမရှိတဲ့ ဘုံဘ၀ကို “နိရယ” လို့ခေါ်ပါတယ်။ ငရဲဘုံရောက်
နေတဲ့ ပုဂ္ဂိုလ်ဟာ သူ့မှာလည်း မျက်စိနှစ်လုံးပါတာပဲ၊ သူ့မျက်စိနှစ်လုံးကမြင်ရတဲ့ အရာမှန်သမျှ
ကြောက်မက်ဖွယ်ရာနဲ့ အနိဋ္ဌာရုံ တွေချည်းပဲမြင်ရပါတယ်၊ အကောင်းမြင်ရတယ်လို့ မရှိပါ။
တို့လူသားတွေရဲ့မျက်စိက ကောင်းတာလည်းမြင်ရပါတယ်၊ မကောင်းတာလည်း မြင်ရ
ပါတယ်၊ လှတာလည်း မြင်ရပါတယ်၊ မလှတာလည်း မြင်ရပါတယ်၊ နှစ်သက်စရာတွေလည်း မြင်ရ
ပါတယ်၊ မနှစ်သက်စရာတွေလည်း မြင်ရပါတယ်၊ ဟို ငရဲဘုံကျတော့ မြင်သမျှ မြင်ကွင်းဟာ အ
ကောင်းတစ်ခုမှ မရှိပါ။ မြင်ရတဲ့ အရာတွေမှန်သမျှ ကြောက်စရာတွေ၊ တုန်လှုပ်စရာတွေ၊ စိတ်ထိ
ခိုက်စရာတွေ၊ ဆင်းရဲစရာတွေချည်းပဲ မြင်ရတယ်။
နားက ကြားလိုက်ရလို့ရှိရင်လည်း ချိုသာတဲ့အသံ၊ စိတ်ချမ်းသာတဲ့အသံ တစ်သံမှ မကြားရ
ပါ။ အင်မတန်မှ ဆင်းရဲစရာကောင်းတဲ့ အသံမျိုးတွေပဲ ကြားရပါတယ်။ နှာခေါင်းက အနံ့ရလိုက်
တာလည်း မွှေးကြိုင်တဲ့ အနံ့ဆိုတာ ဝေလာဝေး၊ နှာခေါင်းပိတ်ထားရမယ့် အနံ့မျိုးတွေချည်းပဲ သူ
တို့ အနံရှုရပါတယ်။ လျှာက လျှက်ရတဲ့ အရသာလည်း ကောင်းတဲ့အရသာ တစ်ခုမှမရှိဘူး၊ ခန္ဓာ
ကိုယ်က ထိတွေ့ရတဲ့ အရသာလည်း တစ်ခုမှ ချမ်းသာတာမရှိပါ။
သြော် ငရဲဘုံဆိုတာ မျက်စိက မြင်ရတာ၊ နားက ကြားရတာ၊ နှာခေါင်းက နမ်းရှူရတာ၊
လျှာက လျှက်ရတာ၊ ခန္ဓာကိုယ်က ထိရတာ၊ ဘယ်အရာမှ ကျေနပ်စရာ၊ နှစ်သက်စရာ မရှိပါ။
အဲဒီလို ဘုံဘ၀မျိုး ရောက်နေတဲ့ပုဂ္ဂိုလ်ဟာ တရားဓမ္မ မနာကြားနိုင်ပါ။ တရားမနာနိုင်ရုံသာ မက
တရားရဲ့အရသာ ခံစားနိုင်ဖို့ဆိုတာလည်း သူ့မှာ မရှိပါ။ ဘုရားပွင့်နေတဲ့ အချိန်လေးမှာ မြတ်စွာဘု
ရား ဟောတဲ့တရား အင်မတန်မှ ကြုံတောင့်ကြုံခဲတဲ့ တရားကို နာခွင့်မရသည့်အတွက်ကြောင့် အဲဒီ
ငရဲကျနေသူဟာ အခွင့်အရေးဆုံးရှုံးနေတဲ့သူ ဖြစ်ပါတယ်။ ။
{ ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ အရှင်နန္ဒမာ
လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment