Thursday, June 5, 2014

ကိလေသာကြောင့် ကံဖြစ်တာပါ။

        ကိလေသာတွေကို အခြေခံပြီးတော့ ကံတရားတွေက စုဆောင်းမိ ဖြစ်လာတယ်။ ကံ
တရားတွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင် ဒီ ကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာ
တယ်။ ဆိုလိုတာက ကိလေသာ ရှိနေရင် ကံရှိနေမှာပဲ။ ကံ ရှိလို့ရှိရင်လည်းပဲ ၀ိပါက ဆိုတဲ့

အကျိုးတရား ရှိမှာပဲ။ ရှောင်လွဲလို့ မရပါ။ အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာကို ၀ဋ် လည်
တယ်လို့ ခေါ်ပါတယ်။ မြန်မာလူမျိုးတွေကတော့ မကောင်းတာဖြစ်မှ ၀ဋ်လည်တယ် ဆိုပြီး
အဓိပ္ပာယ်တစ်မျိုးနဲ့ ပြောနေကြတယ်။ အမှန်က ကောင်းကောင်းဆိုးဆိုး ၀ဋ်ဆိုတာ လည်ပတ်
ပြီး ဖြစ်နေတဲ့ သဘောတရားကို ခေါ်ပါတယ်။ ။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော
ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd) ဟောကြားသော
ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ  တရားတော်မှ  ကောက်နုတ်ရေးသားပါသည်}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment