ဘုရား ရဟန္တာတွေဆိုတာ ကိလေသာတွေ ကုန်ပြီးနေပြီ။ သို့သော် ကုန်ပြီးနေတဲ့ ဘုရား ရဟန္တာတွေမှာ ဘာဖြစ်လို့ ကံက အကျိုးပေးနေရသလဲဆိုတာ မျက်စိလည်တတ်ကြ
တယ်။ ကံကုန်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ရတနသုတ်မှာတွေ့ရတာက “ ခီဏံ ပုရာဏံ နဝ
နတ္တိသမ္ဘ၀ံ ” ဘုရား ရဟန္တာတွေမှာ ကံဟောင်းတွေ မရှိတော့ဘူး။ ကုန်သွားပါတယ်။ ကံ
ဟောင်း ကုန်တယ်ဆိုတဲ့ အဓိပ္ပာယ်က ကံဟောင်းတွေက ဘ၀သစ်တစ်ခုကို ထုတ်လုပ်နိုင်စွမ်း
မရှိတော့ပါ။ ဘ၀သစ်ကို မထုတ်လုပ်နိုင်ဘူးဆိုတာ အကျိုးမပေးတော့ဘူးလို့ မဆိုလိုပါ။ ကိ
လေသာ စွမ်းအားတွေ ကုန်သွားသည့် အတွက်ကြောင့်၊ ကိလေသာတွေ မရှိတော့သည့် အ
တွက်ကြောင့် ဘ၀(သစ်)တစ်ခုကို ထုတ်လုပ်နိုင်လောက်တဲ့ ကံ မရှိတော့ပါ။ ။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း
၁၀ ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ
အိမ်တော်ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd)
ဟောကြားသောဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment