မြတ်စွာဘုရားက မကောင်းတာတွေကိုရှောင်ဖို့ ဟောထားတာက “အလသော ဂီဟိ
ကာမဘောဂီ န သာဓု” - လူ့လောကမှာ မိသားစုနဲ့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ပျင်းရင် ဘယ်
တော့မှ မကောင်းပါ၊ တက်တက်ကြွကြွ ရှိရပါမယ်၊ မိသားစုနဲ့နေပြီး လောကီစီးပွားရှာနေတဲ့
ပုဂ္ဂိုလ်ဟာ ပျင်းလို့ရှိရင် မကောင်းပါ၊ ကောင်းကျိုးချမ်းသာတွေ မရနိုင်ပါ။
နောက်တစ်ခုကျတော့ “အသညတော ပဗ္ဗဇိတော န သာဓု” - သင်္ကန်းဝတ်ပြီး ဘုန်းကြီး
ဘ၀နဲ့နေပြီးတော့ လူလိုနေတယ်၊ မထိန်းသိမ်း၊ မစောင့်ရှောက်၊ ပြောချင်ရာတွေ ပြောတယ်၊
လုပ်ချင်တာတွေ လုပ်တယ်၊ ဘုန်းကြီးက ဘုန်းကြီးလို မနေ၊ လူလို နေတယ်၊ ပြောတာဆိုတာက
စပြီးတော့ ဘုန်းကြီးလို မနေ၊ စောင့်စည်းမှုလည်းမရှိ ဆိုရင် မကောင်းပါ။
“ရာဇာ န သာဓု အနိသမ္မကာရီ” - တိုင်းပြည် အုပ်ချုပ်တဲ့မင်း လုပ်နေပြီးတော့ မဆင်မခြင်
အရမ်း လုပ်တာမျိုး မလုပ်ရပါ၊ ဘယ်ကိစ္စမျိုးပဲဖြစ်ဖြစ် စဉ်းစဉ်းစားစားပဲ လုပ်သင့်ပါတယ်၊ မစဉ်းမ
စားနဲ့ အမိန့်တွေ မချမှတ်သင့်ပါ၊ အမိန့်တွေ မထုတ်သင့်ပါ၊ မစဉ်းမစားနဲ့ အမိန့်တွေထုတ်၊ ချမှတ်
တယ်ဆိုရင် လမ်းကြောင်းတွေ လွဲပြီးတော့ တိုင်းသူပြည်သားတွေမှာ အကုန် ဒုက္ခရောက်တတ်ကြ
ပါတယ်၊ ဒါကြောင့်မို့ “ရာဇာ န သာဓု အနိသမ္မကာရီ”-မဆင်ခြင် မစဉ်းစားဘဲ အသိဉာဏ်ရှေ့သွား
မထားဘဲနဲ့ အလုပ်လုပ်တဲ့မင်းဟာ မကောင်းဘူးလို့ - မြတ်စွာဘုရားက ဟောထားပါတယ်။
နောက်တစ်ခုကျတော့ “ယော ပဏ္ဍိတော ကောဓနော တံ န သာဓု” -ပညာရှိလို့ ဆိုပြီးတော့
ဒေါသကြီးရင် မကောင်းပါ၊ ဆိုလိုတာက- ပညာရှိတို့မည်သည် အမျက် အပြင်မထွက်ရဘူးတဲ့၊ ပညာ
ရှိဆိုတဲ့ပုဂ္ဂိုလ်ဟာ ဘယ်အရာပဲဖြစ်ဖြစ် ဆင်ခြင် စဉ်းစားရမယ်လို့ - ဒီ-ပုဂ္ဂိုလ် ၄-မျိုးနဲ့ ပတ်သက်ပြီး
တော့ အရေးကြီးတဲ့ အချက်အလက်တွေကို မြတ်စွာဘုရားက ဟောကြား ထားပါတယ်- “လူဝတ်
ကြောင်ဟာ မပျင်းရဘူး၊ ပျင်းရင် မကောင်းဘူး၊ ရဟန်းဆိုတာ စောင့်စည်းရမယ်၊ မစောင့်စည်းရင်
မကောင်းဘူး၊ မင်းဆိုတာ စဉ်းစဉ်းစားစား လုပ်ရမယ်၊ စဉ်းစဉ်းစားစား အမိန့်ထုတ်ရမယ်၊ မစဉ်း
မစားလုပ်ရင် မကောင်းဘူး၊ ပညာရှိဆိုတာ စိတ်မဆိုးရဘူး၊ စိတ်ဆိုးရင် မကောင်းဘူး”။ အဲဒီ
မကောင်းတဲ့အချက်အလက်တွေကိုရှောင်ပြီး ကောင်းတဲ့အချက်အလက်တွေကို ဆောင်မှသာလျှင်
ဘ၀သံသရာမှာ အဆင်ပြေလို့၊ ကိုယ်ကျင့်တရားတွေလည်း ကိုယ့်သန္တာန်မှာ ပြည့်စုံလို့ ဘုရားပွင့်
ခိုက် ဘုရားဟောတဲ့ အကျင့်သိက္ခာတွေကို ကျင့်ကြံကြိုးကုတ် အားထုတ်လို့ မှန်ကန်တဲ့အမြင် သမ္မာ
ဒိဋ္ဌိ ပေါ်မှာ အခြေခံပြီးတော့ မှန်ကန်တဲ့အတွေး သမ္မာဒိဋ္ဌိသင်္ကပ္ပ၊ မှန်ကန်တဲ့ကြိုးပမ်းအားထုတ်မှု
သမ္မာဝါယာမ၊ မှန်မှန်ကန်ကန် အမှတ်ရမှု သမ္မာသတိ၊ မှန်မှန်ကန်ကန် စိတ်တည်ငြိမ်အောင်ထားမှု
သမ္မာသမာဓိ ဆိုတာတွေ ကိုယ့်သန္တာန်မှာ ဖြစ်ပွားအောင် လုပ်ရပါမယ်။
အဲဒီလို လုပ်ရင် ဘ၀ခရီးဟာ ဘယ်ထိအောင် ဖြောင့်တန်းသလဲဆိုရင် ဒုက္ခတွေ အဆုံးသတ်
တဲ့ နိဗ္ဗာန်ထိအောင် ဖြောင့်တန်းပါတယ်တဲ့၊ အဲဒီ လမ်းကြောင်းကြီးပေါ် လျှောက်သွားခြင်းဖြင့်
ပစ္စုပ္ပန်ဘ၀မှာလည်း ချမ်းသာသုခတွေရလို့ နောင်တမလွန် ဘ၀မှာလည်း ကောင်းရာ သုဂတိဘုံ
ရောက်လို့ ဒီဘ၀မှာ ကြိုးစားအားထုတ်ရင် တကယ့်ကို အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြု
နိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ
ကုန်သတည်း။
{၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment