Tuesday, July 1, 2014

ဘာသာ/သာသနာ အတွက် အသိပညာပေး ဆောင်ပုဒ်များ(၈)

ကန်ပေါင်ပရိယတ်၊ ပဋိပတ် ကန်ရေ
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ....

ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
ကြာပန်းနှင့်ရေ၊ တည်ရှိနေအောင်
ကန်ပေါင်ရိုးက၊ ပဓာနတည်း။ ။
ပဓာနကျလတ်၊ ပရိယတ်ကို
တတ်အပ်သမျှ၊ သင်ပို့ချလော့။ ။
ကန်ပေါင်ပရိယတ်၊ ကျိုးမပြတ်အောင်
တတ်အပ်သမျှ၊ ဆည်ဖို့ကြလော့။ ။
ပေးဆက်ပြုလာ၊ သာသနာကို
ငါတို့တာဝန်၊ စိတ်ရင်းခံ၍
ဇွဲသန်လုံလ၊ ပြုနိုင်မှလျှင်
ရှေးကအမွေ၊ နောင်ဝယ်မပျက်
ရွှေလက်ဆက်မည်။ တည်တံ့မည်။ ။
{ အောင်ဇေကမ္ဘာ ကုမ္ပဏီ လက်ကမ်းစာစောင်မှ ကူးယူဖေါ်ပြသည်။ }

No comments:

Post a Comment