အရှင်မဟာကဿပမထေရ်သည် သာသနာ၏ ရှေ့အရေးကို မြော်တွေးပြီး ရဟန္တာအရှင်
မြတ် ငါးရာတို့ဖြင့် ဘုရားရှင်ဟောကြားတော်မူသော တရားတော်များကို မပျောက်ပျက်အောင်
နှုတ်ဆောင်ဖြင့် ပထမသင်္ဂါယနာတင်ခဲ့ပါသည်။
ဤသို့ တရားတော်များကို ဆရာတပည့်တို့အစဉ်အဆက် သင်ကြားပို့ချလေရာ သာသနာ
အနှစ်တစ်ရာသို့ ရောက်သောအခါဝဇ္ဖီတိုင်းသား ရဟန်းများက ၀ိနည်းတော်ကို လက်တစ်လုံးခြား
ကျင့်သုံးလာကြ၍ အရှင်မဟာယသ ဦးဆောင်၍ ဒုတိယသင်္ဂါယနာတင်ခဲ့ရပါလေသည်။
ထို့နောက် သာသနာတော်နှစ် ၂၃၅-နှစ် သို့ အရောက်တွင် အနေချောင်၊ အစားချောင် နေ
လိုသူတို့ သာသနာတော်ထဲ ၀င်ရောက်လာပြီး သာသနာတော်ကို နှေင့်ယှက်မှုကြောင့် အရှင်မောဂ္ဂ
လိပုတ္တတိဿမထေရ် ဦးဆောင်၍ တတိယသင်္ဂါယနာတင်ခဲ့ပါသည်။
သီဟိုဠ်တွင် သာသနာတော်စည်ကားနေစဉ် ဘာသာခြားသူပုန်ဘေးကြီး ဖြစ်ပေါ်လာ၍ ရ
ဟန်းတော်များ မဇ္ဈိမသို့ ကူးသွားကြလေသည်။ အချို့ ကျမ်းတတ်အကျော် သံဃာတော်တို့သည်
သီဟို၌ ကျန်ရစ်ခဲ့ကြပါသည်။ လူအများလည်း တောထဲတောင်ထဲ၌ ပုန်းအောင်းနေကြရ၍ ဆွမ်းလှူ
မည့်သူမရှိ ဖြစ်ရပါသည်။ ထိုအခါ သီဟိုဠ်ရဟန်းတော်တို့သည် သစ်ရွက်ပြုတ်ကို မဘုဉ်းပေးရသည့်
အခါများလည်းကြုံရပါသည်။ သူပုန်ဘေးကြီး ငြိမ်းအေးသောအခါ ထိုရဟန်းတော်များကို ပင့်ဖိတ်၍
သာသနာတော် အနှစ် ၄၅၀ အကြာတွင် ၀ဋ္ဋဂါမဏိမင်းသည် စတုတ္ထအကြိမ်(ပေထက်အက္ခရာဖြင့်)
စတုတ္ထသင်္ဂါသနာတင်ခဲ့ပါသည်။
ရခိုင်ပြည် ဝေသာလီခေတ် သီရိဓမ္မ၀ိဇယမင်း လက်ထက်တွင် သီဟိုမှ ရဟန်းတစ်ထောင်၊
ရခိုင်မှ ရဟန်းတစ်ထောင်တို့ဖြင့် အေဒီ ၆၃၈ ခုနှစ်တွင် သင်္ဂါယနာတင် ဓမ္မသဘင်ကြီးကို ကြီး
ကျယ် ခန်းညားစွာ ကျင်းပခဲ့ပါသည်။
ဤသို့ဖြင့် ရှေ့ဆက်ခဲ့ရာ မင်းတုန်းမင်း လက်ထက်တွင် သာသနာအရှည်တည်တံ့အောင်
စာမေးပွဲများ ကျင်းပခြင်းနှင့် ကျောက်ထက်အက္ခရာဖြင့် ပဉ္စမသင်္ဂါယနာတင်ခဲ့ကြလေသည်။
လွတ်လပ်ရေးရပြီးသောအခါ ဆရာတော်များနှင့် ၀န်ကြီးချုပ်ဦးနု အပါအ၀င် လူဒါယကာ
များတို့ တိုင်ပင်၍ ပိဋကတ်တော် စာပေများကို ပုံနှိပ် တင်၍ ဆဌသင်္ဂါယနာတင်ခဲ့ပါသည်။
သင်္ဂါယနာ အကြိမ်ကြိမ်တင်လျက် တညီတညွတ် အတည်ပြုစိစစ် လက်ခံထားသော ထေရ
ဝါဒ ပိဋကတ်တော်များသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာ ဓမ္မရတနာဖြစ်ပါသည်။
ထေရ၀ါဒ ပိဋကတ်တော်များသည် မြတ်စွာဘုရား၏ အဆုံးအမတော်များကို အပိုအလိုမရှိ၊ ဖြည့်
စွက် နုတ်ပယ်ခြင်းမရှိမူလျက် မှတ်တမ်းတင်ထားသောကြောင့် ပကတိသန့်ရှင်းစင်ကြယ်ပါသည်။
မွန်မြတ်ပါသည်။ အခြားအခြားသော အယူဝါဒများ ရောထွေးယှက်တင်မှုများ လုံးဝမရှိ။
ဤသို့ ထေရ၀ါဒ ဗုဒ္ဓဓမ္မက အကြွင်းမဲ့သန့်စင်သောလည်း ယင်းဓမ္မကို ရတနာတစ်ပါးအဖြစ်
ကိုးကွယ်ပါသည်ဟု အာမဘန္တေခံယူထားသော ဘာသာဝင်များထဲတွင်မူ အယူအမြင် အားဖြင့်
လည်းကောင်း၊ အစွဲအလန်းအားဖြင့် လည်းကောင်း၊ အလေ့အကျင့်အားဖြင့် လည်းကောင်း သန့်ရှင်းစင်ကြယ်မှု မရှိသေးပေ။ ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ရာ ဗြဟ္မဏ၀ါဒ၊ မဟာယာန၀ါဒ၊
တန္တရ၀ါဒ၊ ယန္တရ၀ါဒတို့မှ ယုံကြည်မှုများ၊ အယူစွဲများ၊ အလေ့အထုံများ လွှမ်းခြုံနေဆဲရှိသေး
ကြောင်း ၀မ်းနည်းဖွယ် တွေ့မြင်နေရပေသည်။
ကိုးကွယ်ရာ ဘာသာတရားနှင့် ပတ်သက်၍ ယုံကြည်ချက် ခိုင်မာရန် လိုပါသည်။ ယုံကြည်
ချက် ပြတ်သားတိကျရန် လိုပါသည်။ ဤအရာကိုလည်း ယုံလိုက်မည်၊ ထိုအရာကိုလည်း ယုံလိုက်
မည်၊ ရတနာသုံးပါးကို ကိုးကွယ်ရှိခိုးမည်၊ ဟိုပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်ကိုလည်း ကိုးကွယ်ရှိခိုးမည်ဟု အုတ်
ရောရော ကျောက်ရောရော မလုပ်သင့်ပါ။ ဟိုယိမ်း ဒီယိမ်း မလုပ်သင့်ပါ။
မြတ်ဗုဒ္ဓကို ကိုးကွယ်ပြီး ထေရ၀ါဒ ဗုဒ္ဓဓမ္မကို ဦးထိပ်ပန်သည်ဟုဆိုလျှင် မြတ်ဗုဒ္ဓက ပယ်
မြစ်သော အယူအစွဲများ၊ ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်သော ယုံကြည်မှုများ၊ အစွဲအလမ်းများ၊
ဓလေ့ထုံးစံဆိုသည်များကို ပြတ်ပြတ်သားသား၊ ဆန့်ကျင်ခြားနားရန် လိုပါလိမ့်မည်။ ဗေဒင်ကျမ်း
လာ အယူအဆများ၌ သက်ဝင်ယုံကြည်ခြင်း၊ နတ်ကိုးကွယ် ပူဇော်ပသခြင်း၊ ထွက်ရပ်ပေါက်အ
တတ်ကို လေ့လာလိုက်စားခြင်း၊ အင်းအိုင်လက်ဖွဲ့၊ မန္တန်တို့ကို အားကိုးခြင်း၊ သိုက်၊ တဘောင်၊
အတိတ်၊ နိမိတ်၊ အိပ်မက်တို့ကို နိမိတ်ဖတ်ခြင်း၊ ယုံကြည်ခြင်း စသည်တို့သည် ထေရ၀ါဒအတွက်
အနှောင့်အယှက် အခက်အခဲများဖြစ်ကြောင်း အသိပေးရေးသားလိုက်ပါသည်။
{ ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော်၊ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ၏ မြောက်ဦးလမ်း
ညွှန်။ သာသနာရေး ဦးစီးဌာနခွင့်ပြုချက်ဖြင့် ဘဒ္ဒန္တဉာဏ(အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ)၏ အောင်
မြင်မှုမော်ကွန်း။ မင်းနန်(မော်ကျွန်း)၏ သြ၀ါဒပေါင်းချုပ်တို့ကို ကိုးကားရေးသားပူဇော်ပါသည်}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment