Wednesday, July 2, 2014

ဘာသာ/သာသနာ အတွက် အသိပညာပေး ဆောင်ပုဒ်များ(၉)

လူ့ဘုံဌာန၊ လူ့လောကကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည်း။ ။

သို့တပြီကား........
သင်သေသွားသော်၊.
သင်ဖွားသည့်မြေ၊ သင်တို့ပြည်သည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ။
သင်၏ဘိုးဘွား၊ စာ စကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ။
သင်တို့ဦးချ၊ အမျှဝေရာ
စေတီသာနှင့်.......
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ထွန်းပြောင်ဝင်းတင့်၊ ရှိစေသင့်၏။ ။
အကယ်၍သာ.........
ကမ္မဿကာ၊ လူဗိုလ်ပါတို့
ငါနှင့်မဆိုင်၊ မတတ်နိုင်ဟု
မပြိုင်ခင်ရှုံး၊ စိတ်နှလုံးကို
တုံးတုံးကြီးချ၊ ရှိချေကမူ
ဗုဒ္ဓသာသနာ၊ ကွယ်ပျောက်ရာ၏။ ။
သို့တပြီးကား..........
ဒို့များဖြစ်ရ၊ ဤလောက၀ယ်
ဘ၀သမိုင်း၊ မရိုင်းစေရန်
စိတ်မာန်မချ၊ ဒေါသမပါ
ဒို့စွမ်းရာဖြင့်၊ ဒို့သာသနာ
ဒို့ပြည်ရွာကို၊ သာယာစေမှု
လုံ့လပြုစို့ .............။ ။
{ အောင်ဇေကမ္ဘာ ကုမ္ပဏီ လက်ကမ်းစာစောင်မှ ကူးယူဖေါ်ပြသည်။ }

No comments:

Post a Comment