ဘုရားရှင်၏ အဆုံးအမ တရားတော်ကို မိမိ ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံအားထုတ်
ပွားများခြင်းဖြင့် နှလုံးသားကို အလှဆင်ကြမယ်ဆိုရင် တစ်မိနစ်ပဲ နေ-နေ၊ အကျိုးရှိပါ
တယ်။ တရားအားထုတ်မယ်ဆိုရင် မိမိရဲ့ ခန္ဓာကိုယ်ကို စနစ်တကျ ချမ်းသာစွာထိုင်ကာ
ဘယ်ဘက်လက်ကလေးကို အောက်မှာထား၊ ညာဘက်လက်ကလေးကို အပေါ်တင်ပြီး
ခေါင်းကို မတ်မတ်လေးထား မျက်စိလေး မှိတ်ထားပါ။
တင်ပလေခွေကာ ထိုင်နေပါ၊ ခါးမှာ ဖြောင့်ဖြောင့်ထား။
ကြုံကြုံခွေကာ ထိုင်နေပါ၊ ခါးမှာ ဖြောင့်ဖြောင့်ထား။
မလှုပ်အိနြေ္ဒ ငြိမ်ငြိမ်နေ၊ စိတ်တွေ မလွင့်ပါ။
မလှုပ်အိနြေ္ဒ ငြိမ်ငြိမ်နေ၊ စိတ်တွေ မလွင့်ပါး။
မျက်စိမှိတ်ကာ ခေါင်းတည့်ပါ၊ နှာခေါင်းဝမှာ စိတ်ကိုထား။
မျက်စိမှိတ်ခါ ခေါင်းတည့်ပါ၊ နှာခေါင်းဝမှာ စိတ်ကိုထား။
ဝင်လေ-ထွက်လေ ကြည့်စိုက်နေ၊ မှတ်လေ ယောကီများ။
ဝင်လေ-ထွက်လေ ဖြစ်သိနေ၊ မှတ်လေ ယောကီများ။
မနှေး-မမြန် ၀င်လေမှန်၊ မှတ်ပြန် သတိထား။
မနှေး-မမြန် ထွက်လေမှန်၊ မှတ်ပြန် သတိထား။
စ-လယ်-အဆုံး သုံးပါးလုံး၊ သိမ်းကျုံး သိနောင်ထား။
စ-လယ်-အဆုံး သုံးပါးလုံး၊ သိမ်းကျုံး သိမှတ်ထား။
ဝင်လေရုပ်-ထွက်လေရုပ် ငြိမ်မလှုပ်၊ ကြောင်းဖြစ် သတိထား။
သူ-ငါမဟုတ် နာမ်နဲ့ရုပ်၊ အဟုတ် သိအောင်ပွား- ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကို တည်ငြိမ်
အေးချမ်းအောင်ထားပြီး ဘုရားရှင်ညွှန်ကြား အဆုံးအမအတိုင်း အသိ-သတိဥာဏ်လေး ကိုယ့်
ခန္ဓာကိုယ်မှာ ရှိနေမယ် ဖြစ်နေမယ်ဆိုရင် ဘ၀မှာ တန်ဖိုးအရှိဆုံး အချိန်ပါပဲ။ ။
{ ၁၃၇၆ ခု၊ ၀ါဆိုလပြည့်နေ့၊(11.7.2014) ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ ရတနာမာရ်
အောင် တောရဓမ္မရိပ်သာ၌ မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ဟောကြားသော
ဝါဆိုဦး တရားစခန်း အလုပ်ပေးတရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment