Saturday, July 19, 2014

သမာဝတီ၏ မေတ္တာအစွမ်း။

        ကောသမ္ဗီပြည် ဥတေနမင်းဝယ် သမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီ ဟု မိဖုရားသုံး
ယောက် ရှိပါတယ်။ သမာဝတီဟာ ရတနာသုံးပါးကို ကြည်ညိုတယ်။ မာဂဏ္ဍီကား မိဖုရား မဖြစ်
ခင် အပျိုစင်ဘ၀ကပင် ဘုရားအပေါ်မှာ ရန်ငြိုးထားခဲ့တဲ့ ပုဏ္ဏေးမကလေးပါ။ ဒါကြောင့် မာဂဏ္ဍီ

ဟာ သမာဝတီအပေါ် အမြဲအပြစ်ရှာတတ်တယ်။ သာမာဝတီကား မေတ္တာတရား အထူးပွားမှား
နေသူဖြစ်တယ်။ ဥတေနမင်းဟာ မိဖုရားသုံးယောက်တို့ရဲ့ အဆောင်ဝယ် တစ်လှည့်စီစံစားကာ
စောင်းတီးဝါသနာပါတဲ့ ဘုရင်တစ်ပါး ဖြစ်ပါတယ်။
         တစ်နေ့တော့ သာမာဝတီအထံ အဆောင်တော်ကူးရန်နီး မာဂဏ္ဍီမိဖုရားက သူရဲ့ဘထွေး
ထံ အဆိပ်ပြင်းတဲ့ မြွေကိုမှာပြီး အဆိပ်ကိုဖြေစေလျက် စောင်းခွက်အတွင်းသို့ သွင်းထားလေ
တယ်။ ပြီးရင် စောင်းအပေါက်ကို ပန်းကုံးဖြင့်ပိတ်ဆို့ထားပြီးမှ ဘုရင့်ထံသွားကာ အိပ်မက်ရာ
မက် မကောင်းတဲ့အတွက်ကြောင့် သာမာဝတီအဆောင် မကူးဖို့ရန် မိန်းမတို့ရဲ့ အမူအရာနဲ့ သံ
တော်ဦးတင်လေပါတယ်။ ဘုရင်ကလည်း ဂရုမစိုက်ဘဲ သာမာဝတီရဲ့ အဆောင်သို့ ကူးသွားလေ
ရာ၊ စိတ်မချတဲ့ဟန်နဲ့  နောက်ကအတင်း လိုက်သွားပါတယ်။
         အဆောင်ရောက်ပြီး ဆက်သတဲ့ပွဲတော်ကို တည်ပြီးနောက် သလွန်ပေါ်မှာ လျောင်းတဲ့
အခါ မယောင်မလည်နဲ့ သူပိတ်ဆို့ထားတဲ့ ပန်းကုံးကို နုတ်လိုက်လေပါတယ်။ အဲဒီအချိန်မှာ
စောင်းပေါက်မှာ ထည့်ထားတဲ့မြွေဟာ အလွန်စိတ်ဆိုးနေတဲ့အတွက် ရှူးကနဲထွက်ခါ ဘုရင်းဦး
ခေါင်းအနီးသို့ ရောက်လာတယ်။ အဲဒီအချိန်မှာ မာဂဏ္ဍီက အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့် ရှင်
ဘုရင်ကိုပြ၍ သမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်ကလည်း သူ့စကား
ကို နားမထောင်မိသဖြင့် ယခုလို ဖြစ်ရတယ်လို့  အပြစ်တင်လေပါတယ်။
         ဥတေနမင်းကလည်း ရာဇမာန်ရှကာ ကိုင်နေကျ လေးကိုတင်ပြီး သာမာဝတီတို့ အစုကို
စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင် သာမာဝတီမိဖုရားက သူရဲ့မောင်း
မမိဿံများကို သြ၀ါဒပေးသည်မှာ=“ အမိတို့  .. မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ
အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်။ အခုလို အခါမျိုးမှာ မေတ္တာမှတစ်ပါး အားကိုးစရာ မရှိပေ
ဘူး။ အမိတို့ ပွားများနေကျဖြစ်တဲ့ မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့အပေါ်မှာ ကြိုးစား
၍ ပွားများကြပါ ” တဲ့။
        ဒီလိုတိုက်တွန်းလိုက်တာနဲ့ ပင်ကိုယ်ယဉ်ကျေးနေပြီး မောင်းမများဖြစ်တဲ့အတွက် အသက်
ဘေးကို အရေးတကြီး မစဉ်းစားဘဲ မေတ္တာကိုသာ ပွားများကြပါတယ်။ ဥတေနမင်းကလည်း ချိန်
ရွယ်ထားတဲ့မြှားကို တစ်အားကုန် လွှတ်လိုက်ပါတယ်။ ဒါပေမယ့် မေတ္တာတန်ခိုးကြောင့် မြှားအ
ရှိန် ရှေ့မတိုးဘဲ ပစ်သူ့ထံ မြှားပြန်၍ ခ, လေတဲ့အတွက် ဥတေနမင်း သတိရကာ သာမာဝတီ
မိဖုရား ခြေရင်း၌ထိုင်ပြီး သည်းခံဖို့ရန် တောင်းပန်ရှာလေတယ်။
         ဒါကြောင့် သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများဖြစ်ကြတဲ့ ဓမ္မမိတ်ဆွေ
အပေါင်းတို့ကလည်း သာမာဝတီ မိဖုရားရဲ့ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရား
ဣဿာမစ္ဆရိယများ သူများကိုပင် ရန်မမူမိစေဘဲ မိမိစိတ်ကိုသာ ကောင်းသည်ထက် ကောင်း
အောင် ပြုပြင်ကြပါ။ အကျိုးဆောင်ခွင့် ကြုံလာလျှင် မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါ
လက်ပါဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံစွဲကာ   မြတ်
နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
   { အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
   အဘိဓမ္မာကို ကိုးကား ရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment