Sunday, August 24, 2014

အောက်ကျနောက်ကျ ။

ဒီတော့ကာ ခုတင်က လောဘဖြစ်ပြီးတော့ စားတယ်ဆိုရင် လောဘပေါင်းမြက်တွေပါလို့ အလှူ့ရှင်မှာ
အကျိုးနည်းရတဲ့အပြင် အလှူခံပုဂ္ဂိုလ်က ဒီနေရာမှာ အလှူခံဘဝနဲ့ အလှူခံလိုက်ရပေမယ့် ဟိုနောက်ဘ
ဝကျတော့ အလှူခံပုဂ္ဂိုလ်အဖြစ်နဲ့ အကျိုးပေးမှာ မဟုတ်ဘူး။ သူ့ရဲ့ မတရားတာကို မတရားတဲ့အလိုက်
 အကျိုးပေးသွားမယ်။ အောက်ကျနောက်ကျ ဖြစ်စရာရှိရင် ဖြစ်သွားမယ်။

အဲဒါ ဘုန်းကြီးက စိုးရိမ်လို့ အလှူခံဘက်က။
ဒီ အလှူခံဆိုတာ သူများမဟုတ်ဘူး၊ ဘုန်းကြီးတို့ပဲ။
ဘုန်းကြီးတို့ ဆရာတပည့်တစုက အဲဒီလို လောဘတကြီးနဲ့ ဖြစ်သွားမှာ သိပ်စိုးတယ်။
ဆွမ်းဟင်းတွေ ဘာတွေက စိတ်တိုင်းမကျလို့ ဒေါသတွေ ဘာတွေ စိတ်မချမ်းသာတာတွေ ဖြစ်မှာလဲ
ဘုန်းကြီး သိပ်စိုးတယ်။

(တောင်မြို့ဆရာတော်ဘုရားကြီး၏ “တရားသုံးဖြာ ဆုံးမစာ အမှတ်-၂” မှ)


No comments:

Post a Comment