Friday, September 12, 2014

သဒ္ဓါနှင့်ပညာ ကွာခြားပုံ ယှဉ်ကြည့်လျှင်။

       သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရက်ရော၏။ နောင်သံသရာမှာ
ချမ်းချမ်းသာသာ ဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာ သာသနာ တိုးတက်ကြီးပွားရေးကို
လေးလေးနက်နက် သတိမထားတတ်ပါ။ ပညာ၏ သဘောကား အမျိုးဘာသာ သာသနာ
ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်။ အကြောင်း

ကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ ကံ၏အကျိုး) ယုံကြည်ပြီးဖြစ်၍ နောက်ဘ၀၌ အ
ကျိုးရဖို့ အရေးကို အထူးတလည် တွေးမနေတော့ပါ။
         ဤသို့လျှင် သဒ္ဓါနှင့် ပညာသည် အခြေတည်က စ၍ပင် ကွာခြားချင်တိုင်း ကွာခြား
နေ၏။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တစ်မျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာ
တွင် အစုံကြည့်ခြင်း မဟုတ်ဘဲ တစ်ဖက်စီခွဲ၍ အလွန်အကဲ ကြည့်ခြင်းကား သဒ္ဓါလည်းမ
ကောင်း၊ ပညာလည်း မကောင်းပင် မြင်တတ်ကြသည်။ နှစ်ဖက်စုံ ကြည့်တတ်မှသာ ကောင်း
ပါသည်။ “ သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ ” ဟု ကျမ်းလာဆိုရိုး ရှိပါသည်။ ။
 {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပါသည်။ }
        “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment