Friday, September 12, 2014

စောစောက ပြင်ပါ။

        “သမယမှိ-အကြောင်းသင့်၍ အခွင့်သင့်ရာ အချိန်အခါ၌=
ဝိပစ္စိတုံ-ကောင်းကောင်းဆိုးဆိုး ဆိုင်ရာအကျိုးကို ပေးခြင်းငှာ”လို့ဆိုတော့ အဲဒီအကြောင်းတွေကို
လေ ဒါတွေဟာ မကောင်းကျိုးကို ပေးတတ်တဲ့ အကြောင်းတွေပဲလို့ နားလည်အောင် စောစောက
ပညာတွေ သင်ရမယ်။

စောစောက မိကောင်းဖကောင်း ဆရာသမားကောင်း ဆွေကောင်းမျိုးကောင်းတွေနဲ့ ပေါင်းသင်းပြီး
တော့ သူတို့အဆုံးအမကို နားထောင်ရတယ်။ မှတ်သားရတယ်။ ကိုယ့်ဘာသာကိုယ်လဲ စဉ်းစား
ဉာဏ်ရှိရတယ်။
အဲဒီ ဉာဏ်တို့ ဝီရိယတို့ အလိမ္မာတို့ ရှိပြီဆိုတော့ ကာလမကောင်းတောင် သူ့အတွက် တော်တော်
သက်သာတယ်။
(ဂတိ=ဘဝက နည်းနည်းကလေး ညံ့နေတယ်ဆိုအုန်းတော့ သူ့အတွက် နည်းနည်း သက်သာတယ်။)
  {  http://lokachantha.blogspot.com (အရှင်ဇနကာဘိဝံသ ) မှ ကူးယူ ပူဇော်ပါသည်။ }
  ဦးသိန်းဝေ။

No comments:

Post a Comment