Monday, March 23, 2015
နေရာတိုင်းမှာ ဥပေက္ခာ။
  မေတ္တာနဲ့
  ကိုယ်ကောင်းကျိုး ရစေချင်တိုင်းလည်း
  သူရတာမဟုတ်
  သူ့ကံရှိမှ သူရတာ။
  ဂရုဏာနဲ့
  ကိုယ်ဆင်းရဲ လွတ်စေချင်တိုင်းလည်း
  သူလွတ်တာမဟုတ်
  သူ့ကံရှိမှ သူလွတ်တာ။
  မုဒိတာနဲ့
  ကိုယ်ချမ်းသာ မြဲစေချင်တိုင်းလည်း
  သူမြဲတာမဟုတ်
  သူ့ကံရှိမှ သူမြဲတာလို့
  သူနဲ့ ကံတရား
  ကံတရားနဲ့ သူ
  အကြောင်းအကျိုးဆက်စပ်ပြီး
  လည်ပတ်နေတာကို
  အမြဲဆင်ခြင် ဉာဏ်သက်ဝင်ပြီး
  ထာဝစဉ် ကံသတိ
  ကံအသိ ရှိနေမယ်ဆိုရင်
  ကိုယ်ဖြစ်စေချင်တိုင်း ဖြစ်မလာလို့
  မကျေမနပ် ဖြစ်ရတာတွေ၊
  ရှိမှာမဟုတ်တော့ပါဘူး။  ။
 { မြင့်ရွှေ(ပေါင်းတည်) ၏ သစ္စာလေးပါးတရားတော်နှင့် ငါသေရင် သပိတ်မသွတ်နဲ့မှ
  ကူးယူရေးသား ပူဇော်ပါသည်။ }
  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment