https://www.facebook.com/groups/1430994090507395/permalink/1553530294920440/ ဒီပို့စ်တွေ့လို့ ဒီလိုရေးသည်...။
==========================================================
မန္တလေးကို ရထားစီးမှဘဲ ရောက်မယ်ဆိုရင်တော့ ရထားစီးကြပေါ့ဗျာ၊ ဒါပေမယ့် ပိုမြန်ဆန်ပြီး အချိန်ကုန် လူပင်ပန်းသက်သာစေတဲ့
လေယာဉ်ပျံကြီးစီးနိင်ရင်တော့ အကောင်းဆုံးပေါ့ ဒါကလဲ စီးလို့ရတယ်ဆိုတာတော့ သိဖို့လိုလိမ့်မယ်၊ ပဋိစသမုပါဒ် ဖြစ်စဉ်တခုလုံး
မှာလွတ်မြောက်တဲ့ ထွက်လမ်းဟာ (ဝေဒနာ) နဲ့(တဏှာ) ကြားထဲကထွက်တာပါ ဒါကို အချိန်ပြည့် ဆင်ခြင်နိင်ရင် ဘာလာလာ ကိေ
လသာမဖြစ်ဘူး ချက်ခြင်းတော့ မရဘူးနော်၊ ကြာလာရင်တော့ ပါရမီဖြစ်ပြီး ဆင်ခြင်သွားနိင်ပါတယ်...၊
တကယ်တော့ မဂ်လေးပါးရဲ့
အောက်ဆုံးမဂ်ဖြစ်တဲ့ (သောတာပတ္တိမဂ်) ဟာ ဒိဋ္ဌိသတ်မဂ်ဖြစ်ပါတယ် အယူမှားအမှတ်မှား စွဲလန်းခြင်း ဥပဒါန် တွေဟာ စိတ်ပေါ်မှာသာ
အခြေခံပြီးဖြစ်တဲ့အတွက် နာမ်ကိုသာ ကြပ်ကြပ်ရှုပြီး အယူမှန်ဖြစ်အောင်လုပ်ရပါမယ် ဥပမာဗျာ အရောင်တွေပေါ့ ( colour ) ဖြု၊နီ၊ ၀ါ
ပြာ၊ စိမ်း၊ စသဖြင့် အရောင်စုံပေါ့ဗျာ ဒီအရောင်တွေ ကိုစသိတာ ဟို ၃၊ ၄၊ ၅ နှစ်အရွယ် ကလေးဘ၀ထဲကပါ ကဲခုစာဖတ်သူကော အ
သက်ဘယ်လောက်ရှိပြီလဲ ခုကောဘယ်အရောင်မြင်မြင် ဖြု၊ နီ၊ ၀ါ၊ ပြာ စက္ကန့်မဆိုင်း သိတာဘဲမဟုတ်လား..? ဒါဟာ သညာက္ခန္ဓာ ဆို
တဲ့ မှတ်သားမှုသဘောကြောင့် ဒီအရွယ်ထိသိနေတာ ဒီလိုဘဲ ကိုယ်မှတ်ထား သမျှဟာမှန်တာတွေ ရှိသလိုမှားတာတွေလဲ ရှိမှာဘဲ
မှားတဲ့ အယူ၊ မှားတဲ့အမှတ်၊ တွေကိုပါဋ္ဌိလို မိစ္ဆာဒိဋ္ဌိ လို့ခေါ်ပါတယ်၊ ဒီအယူမှား၊ အမှတ်မှားတွေ မှန်အောင်ပြင်ဖို့ဆိုတာ စိတ်နဲ့သာ ဝေ
ဖန်ပိုင်းခြား မှန်အောင်ပြင်နိင်မှာပါ ဒါကြောင့် နာမ်ပေါ်မှာ ရှုရမှာပါ၊ သောတာပန်ဖြစ်တယ်ဆိုတာလဲ အလိုလိုအတောင်ပေါက်လာတာ
မျိုးမဟုတ်ပါဘူး၊ အချက်သုံးချက်ကို အမှန်သိ၊ အမှန်တိုင်းလက်ခံ၊ အမှန်တိုင်းကျင့်သုံးနိင်တဲ့သူကို သောတာပန်လို့ ခေါ်တာပါ ဒီသုံး
ချက်က ဘာတွေလဲ ဆိုတော့(၁) သမာဒိဋ္ဌိ၊ အယူမှန်၊ အမြင်မှန်၊ အသိမှန်ခြင်း၊ (၂) ၀ိစိကိစ္စ၊ ယုံမှားသံသယ၊ ကင်းခြင်း ခေတ်စကားနဲ့
ပြောရရင် နှလုံးသားမှာဘုရားတည် လိုက်သလို ဘယ်သောအခါမှ ရတနာသုံးပါးကို ကျောမခိုင်းတော့ဘူး ဘာသာပြောင်းပါ မပြောင်းရင်
သတ်မယ်ဆိုရင်တောင် သူသတ်ရင်ဒီ တဘ၀ ဘဲသေမှာ မိစ္ဆာဒိဋ္ဌိဖြစ်သွားရင် ဘ၀ပေါင်းမရေတွက်နိင်အောင်သေမှာ ဒီတော့ သ
တ်လိုက် ဘာသာတော့မပြောင်းဘူး ဆိုတဲ့ ယုံမှားသံသယကင်းစွာ သိရှိ လက်ခံ ကျင့်သုံးခြင်း၊ (၃)သီလပတ္တပရမာသ မှားယွင်းသော
ကျင့်စဉ်၊ မှားယွင်းသော အလုပ် ဥပမာ ရေငုတ်၊ တုံးခုန်၊ မီးလှုံ၊ ဇယ်ခတ် ဆိုသလို နည်းလမ်းမကျတဲ့ကျင့်စဉ် တွေကိုမကျင့်ဘူး
ဒါဆိုရင် သောတာပန်ဆိုတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ပြီဗျာ၊ ဒီတော့မှ အထက်မဂ်တွေဖြစ်တဲ့ သကဒါဂမ်၊ အနာဂမ်၊ အထိ
တက်ချင်တယ်ဆိုရင်တော့ ရုပ်ကိုတပ်မက်ခြင်း တဏှာကင်းအောင် ကြပ်ကြပ်ရှုပေတော့ဗျိုး၊ အထက်မဂ်တွေက တဏှာသတ်တွေချည်
းဘဲ တဏှာဆိုတဲ့ ကိလေသာအကြောင်းလဲ နဲနဲ ဖောက်သယ်ချအုန်းမယ် အနာဂမ်မိမဂ်ရတဲ့အထိ အနုဿယ ကိလေသာခံစားသေး
တယ်ဆိုဘဲ လုံးလုံးတဏှာချုပ်တာကတော့ ရဟန္တာဖြစ်သွားမှပါ ရပ်ကွက်ထဲမှာပြောပြောနေတဲ့ ကိလေသာငြိမ်းအောင်လုပ်ဒါကိုတော့
လက်ခံလို့ရသေးတယ်၊ တချို့က တဏှာကုန်အောင်လုပ်တဲ့ ဘယ်လိုကုန်အောင်လုပ်ရမလဲလို့ ပြန်မေးလိုက်ချင်ရဲ့ ဒီတော့ နိဗ္ဗာန်ေ
ရာက်ကြောင်းတရား လုပ်တဲ့နေရာမှာ သတိပဋ္ဌာန်တရားလေးပါး မဂ္ဂင်ရှစ်ပါး လမ်းနဲ့သွားရတယ်ဆိုတာ ဘယ်သူမှမငြင်းနိင်ပါဘူး ပါ
ချုပ်ဆရာတော်ဘုရားကြီးဟောတဲ့ (မဟာသတိပဋ္ဌာနသုတ်) တရားတော်မှာ သုတမယဥာဏ်နဲ့လဲပြည့်စုံမယ် ပုဂ္ဂိုလ်၌ကလဲ အင်မတန်
ဥာဏ်ထက်မြက်တဲ့သူဆိုရင် ကာယသတိပဋ္ဌာန် တွေ ဝေဒနာသတိပဋ္ဌာန်တွေ ထက် စိတ္တသတိပဋ္ဌာန် နဲ့ ဓမ္မာသတိပဋ္ဌာန်တွေကို ပိုရှု
သင့်ကြောင်း ဟောကြားသွားပါတယ် ကဲ လျှာလဲရှည် အဲ့ စာလဲရှည်နေပြီ ဒီတော့ အပေါ်က အကြောင်းလေး ဆက်ရရင် အချိန်ပေးမ
ထိုင်နိင်ရင် ၀ိပဿနာ မဟုတ်ဘူးလားလို့ မေးရင် ဘယ်လိုဖြေမလဲ ကျနော့ အဖြေကတော့ ရှင်းပါတယ် အာရုံဏ်ငါးပါးမှာ ဖြစ်လာသ
မျှကို ဝေဒနာကနေ တဏှာ မကူးစေဘဲ ဖြစ်ပျက်ရှု တဏှာကကျော်သွားရင်တော့ ဥပဒါန်ဖြစ်ပြီး နောင်ခန္ဓာလာတော့မယ် ဒါကြောင့်
ဖြစ်စဉ်တိုင်း ဖြစ်စဉ်တိုင်း ဝေဒနာ လာရင်တဏှာမဖြစ်အောင် ထိန်းနိင်တဲ့သူတွေအတွက်တော့ (စိတ်ပါရင် အိပ်ရာက ရိပ်သာဖြစ်ပါတ
ယ်) ဓမ္မမိတ်ဆွေ နိဂုံးချုပ်ပြောရရင် ဒီ ပို့စ်လေးဖတ်ပြီး စိတ်ထဲမှာ မေးခွန်းတခု ပေါ်လာမှာအသေအချာဘဲ အိမ်ယာထူထောင် စီးပွားေ
ရးလုပ် မိသားစုနဲ့ ခွဲမနေဘဲ အရိယာ ဖြစ်နိင်လားမေးရင် သေချာ ရှိပါတယ် ဒီမှာတော့ စာရှည်သွားလို့ မထည့်တော့ဘူး နောက်တင်မဲ့
(အာဂါရ လမ်း) ဆိုတဲ့ ပို့စ်မှာတင်ပေးပါ့မယ် ဓမ္မမိတ်ဆွေတို့လဲ (ကျန်းမာ၊ ထီပေါက်၊ နိဗ္ဗာန်ရောက်ကြပါစေ၊) ( ဤသို့ပြုရမြတ်ပုညြေ
ကာင့်၊ မနက်ဖန်တရက်အသက်ဆက်ပြီး ဘုရားရှစ်ခိုးစီးပွားတိုး ကြပါစေဗျာ) (မူကြိုဆရာ)

No comments:
Post a Comment