Tuesday, March 10, 2015

အရှင်ဆန္ဒာဓိက(ရွှေပါရမီ)ဆရာတော်၏ ဂုဏ်တော်ပွားနည်း။

        ဂုဏ်တော်ကို မည်သို့ နှလုံးသွင်း၍ပွားသင့်ကြောင်း အရှင်ဆန္ဒာဓိက ဆရာတော်က ဤ
သို့ မိန့်တော်မူပါ၏။
       “ = ပွားတော့ စိတ်ထဲကနေ ဘယ်လို ဆင်ခြင်ရမလဲဆိုရင် -- --

အရဟံ = ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။
            ပထမ နှစ်ခေါက်၊ သုံးခေါက်ပဲ အရဟံ ဆိုတဲ့ ပါဠိစကားထည့်ဆိုပြီး နောက်အခေါက်
တွေမှာတော့ အရဟံ ဆိုတဲ့ စကားလုံးကို ဖြုတ်ထားလို့ ရပါတယ်။
            “ ကိလေသာမှ ကင်းတော်မူသော မြတ်စွာဘုရား”
           ဒီအဓိပ္ပါယ်ကလေးကိုပဲ ထပ်တလဲလဲ ပွားများရမယ်။ အကြိမ် ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀၊
လောက် ပွားများလို့ရှိရင် နည်းနည်းကလေး စိတ်အထိုင်ကျသွားပြီ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်
အပေါ်မှာ အာရုံကပ်သွားပြီး အဲဒီအချိန်မှာ အဓိပ္ပါယ်ကို တဖြည်းဖြည်းနဲ့ ချဲ့ထွင်ပွားများရမယ်။
           အဲဒီလို အဓိပ္ပါယ်သိပြီးပွားမှ ကိလေသာ ကွာကျတာ။ အဓိပ္ပါယ် မသိဘဲနဲ့ အရဟံ၊ အရ
ဟံ၊ အရဟံနဲ့ ဆိုရင်တော့ ကိလေသာကွာကျဖို့ မလွယ်ပါဘူး။
           ဈေးရောင်းကောင်းအောင် ဆိုပြီးတော့ အရဟံဂုဏ်တော်ရွတ်တဲ့သူကလည်း အရဟံ၊
အရဟံ၊ အရဟံ ရွတ်နေတာပါပဲ။ မျက်စိထဲ မြင်နေတာတော့ ကိုယ့်ဆိုင်မှာ ဖောက်သည်တွေ
အများကြီး ၀ယ်နေတဲ့ပုံပဲ ဖြစ်နေတယ်။ ဒီတော့ အရဟံ ဂုဏ်တော်အပေါ်မှာ ကြည်ညိုတတ်
တယ် ဆိုတာ ဘယ်မှာဖြစ်နိုင်ပါတော့မလဲ။
           အရဟံဂုဏ်တော်ကိုပွားနေတာ တစ်နေ့ကို တစ်နာရီ၊ နှစ်ကလည်း နှစ်ဆယ်တောင်ရှိ
ပြီ။ အရဟံဂုဏ်တော် ဘာလဲလို့မေးတော့ မသိဘူးတဲ့။ ကောင်းကြသေးရဲ့လား၊ အဲဒီ ဒကာမလို
လူတွေက အများကြီးရှိပါတယ်။ ”
         ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း တရားဓမ္မတွေကို ပါဠိအပြင်
အဓိပ္ပါယ်ပါသိအောင်လိုတဲ့အကြောင်း သိရှိနားလည်သဘောပေါက်ကြပြီး လောကီလောကုတ္တ
ရာ နှစ်ဖြာ အကျိုးရှိအောင် ကျင့်ကြံအားထုတ်ကြကာ  မြတ်နိဗ္ဗာန်ကို  ရရောက်နိုင်ကြပါစေ
ကုန်သတည်း။ ။
{ မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များပေါင်းချုပ်မှ ကူးယူ ရေးသား
   ပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment