၁၂။ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊
ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။
၁၃။ မစွန့်ကာမ၊ ဆရာမရှိ၊ ၀ီရိယလျော့၊ အားအင်ပျော့ကာ၊ လွန်စွာယူမှား၊
ဤငါးပါး၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။
၁၄။ သစ္စာဆိုတာ ဘယ်သူ့ကိုမှ ငဲ့တဲ့တရားမဟုတ်ဘူး။
၁၅။ မိမိခန္ဓာခင်ရင်လဲ လှုပ်မည်၊ သူတပါးခန္ဓာခင်ရင်လဲ လှုပ်မည်၊ မလှုပ်ချင်ရင် မမှီပါနဲ့။
၁၆။ သားမယားခြေရင်း တဏှာကျွန်အဖြစ် ခေါင်းစင်းမသေပါနဲ့။
၁၇။ မိမိအရေးကို ရှေ့ကထားပါ၊ သားရေး သမီးရေးကို နောက်ကထားပါ။
၁၈။ နေ့ည ကုန်နေတာ မဟုတ်၊ မိမိသက်တမ်း ကုန်နေတာ။
၁၉။ ၀ိပဿနာလုပ်ရင် ဗျာမများနဲ့၊ ဗျာများရင် အချိန်ကြာမည်။
၂၀။ နိဗ္ဗာန်ကို မဂ္ဂင်နဲ့သွားက (၇) ရက်နဲ့ ရောက်နိုင်သည်။
၂၁။ တရားအားမထုတ်ဘဲ၊ တရားက အလိုလို မလာဘူး။
၂၂။ ရေကြောင့်ဖြစ်သော ရွံ့နွံကို ရေဖြင့် စင်ကြယ်အောင် ဆေးသကဲ့သို့ စိတ်ကြောင့်ဖြစ်သော
အကုသိုလ် အညစ်အကြေးကို စိတ်ဖြင့် စင်ကြယ်အောင်ထားပါ။
၂၃။ ခန္ဓာဖြစ်ပျက် ရှုနေခြင်းသည် သေခါနီး သောတာပန်တည်နိုင်သည်။
၂၄။ တရားမရသေးသမျှ အပ္ပါယ်တံခါး စိတ်မချရ။
၂၅။ ခန္ဓာဝန်ချပြီးသေပါ၊ ခန္ဓာဝန်ထမ်းပြီး မသေပါနဲ့။
၂၆။ ခန္ဓာနဲ့တူသော ဒုက္ခသည် မရှိ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ စူဠသောတာပန်ဖြစ်ခန်းမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment