ဝိနည်းပါဠိတော်အရ ညွှန်ပြအပ်သော သီလသိက္ခာသည် သာသနာတော်၏ အရင်းအမြစ်
အကျဆုံးဖြစ်၍ သာသနာတော်၏ အသက်ဖြစ်သည်။ ရဟန်းတော်များသည် ထို ၂၂၇ သွယ်သော
ဝိနည်းတော်အတိုင်း သီလသိက္ခာကို မထိန်းသိမ်း မစောင့်စည်းတော့ဘဲ ဆယ်ပါးသီလမျှကိုသာ
စောင့်စည်းနေထိုင်ခဲ့သော် သာသနာပ ရသေ့ပုရိဗိုဇ် အနေမျှသာ ဖြစ်ကြတော့၏။ သာသနာတော်
အသက်မရှိတော့ပြီ။ (၀ိနယော နာမသာသနဿ အာယု = ၀ိနည်းတရားတော်သည် သာသနာ
တော်၏ အသက် ) ဟု ရဟန္တာအရှင်မြတ်တို့က မိန့်တော်မူခဲ့သည်။
မြတ်စွာဘုရားသည် သိက္ခာပုဒ်တွေကို မိမိထင်သလို ပညတ်ခြင်း မဟုတ်ပေ။ ပထမ ၀ါ
တော် (၂၀) တွင် ရဟန်းများသည် အကျင့်သိက္ခာကောင်းသဖြင့် ၀ိနည်းပညတ်ချက် မရှိခဲ့ပေ။
နောက်မှ ရဟန်းများ အကျင့်ဖောက်ပြန်လာတဲ့အတွက် ပညတ်ရခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာက တင်ကြို၍ မြင်အပ်သော အပြစ်များကြောင့် ၀ိနည်းပညတ်တော်ကို ကြို
တင်၍ ထားတော်မမူ တင်ကြိုထားခဲ့လျှင်လည်း “အမျိုးကောင်းသားကောင်းတွေကို အပြစ်မရှိ
ဘဲ ချုပ်ချယ်ရမည်လား ” ဟု တချို့က အပြစ်ပင် တင်လိုကြပေလိမ့်မည်။ ဘုရားရှင်၏ ဉာဏ်
တော်ကား ၀ိနည်း (ဥပဒေပညတ်) တည်ထားအပ်ရာဝယ် ထိုကဲ့သို့ အကျိုးမရသည့် အချက်ကို
လည်း ရှောင်ကြဉ်တော်မူခဲ့ရပေသေးသည်။
အရှင်သာရပုတ္တရာက “မြတ်စွာဘုရား သိက္ခာပုဒ် ပညတ်တော်မူခြင်းသည် သာသနာ
တော်၏ တာရှည်တည်ဖို့ရာ အကြောင်းတရပ် ဖြစ်ပါသောကြောင့် သိက္ခာပုဒ်ကို ပညတ်တော်မူ
ဖို့ရန် ယခုအခါ အချိန်တန်ပါပြီ” ဟု လျှောက်ထားသောအခါ .....
မြတ်စွာဘုရားက သာရိပုတ္တရာ .. စောင့်ဆိုင်းဦး၊ သာရိပုတ္တရာ .. စောင့်ဆိုင်းဦး၊ သိက္ခာ
ပုဒ် ပညတ်ခြင်း၌ သင့်တော်သော အချိန်အခါကို ငါဘုရားကိုယ်တိုင် သိတော်မူမည်။ သာရိပုတ္တရာ
သံဃာတော်မှာ ကျူးလွန်မှုအပြစ် မပေါ်သေးသမျှ ငါဘုရားသည် သိက္ခာပုဒ် ပညတ်တော်မူလိမ့်
ဦးမည်မဟုတ်။ ၀ိနည်းကို ပညတ်လိုက်သည်နှင့် အကျိုး(၁၀)ပါးကို ရရှိတော်မူပါသည်။
( အရှင်ဇနကာဘိဝံသ၏ ဘုရားဥပဒေတော်ကြီးမှ )
{ မြင့်ရွှေ(ပေါင်းတည်) ၏ သက္ကာယဒိဋ္ဌိထောင်တွင်းမှအကျဉ်းသားနှင့် ပြိတ္တာဖြစ်ရခြင်းအကြောင်း မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment