ကပ်ငြိမှု ရာဂကင်းဖို့သာ ဖြစ်စေ၏။
ကပ်ငြိမှု ရာဂနှင့် ယှဉ်တွဲဖို့ မဖြစ်စေခြင်း။
သံယောဇဉ် ကင်းဖို့သာ ဖြစ်စေ၏။
သံယောဇဉ် တိုးပွားဖို့ မဖြစ်စေ။
ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့သာ ဖြစ်စေ၏။
ဝဋ်ဆင်းရဲ၌ နစ်မွန်းဖို့ မဖြစ်စေ။
အလိုရမ္မက်နည်းဖို့သာ ဖြစ်စေ၏။
အလိုရမ္မက်ကြီးဖို့ မဖြစ်စေ။
ရောင့်ရဲတင်းတိမ်မှုကိုသာ ဖြစ်စေ၏။
မရောင့်ရဲ မတင်းတိမ်မှုကို မဖြစ်စေ။
ကိလေသာတရားများနှင့် ကင်းဝေးဖို့သာ ဖြစ်စေ၏။
ကိလေသာတရားများနှင့် ပေါင်းဖော်ဖို့ မဖြစ်စေ။
ကြိုးစားအားထုတ်မှုကိုသာ ဖြစ်စေ၏။
နောက်ဆုတ်ပျင်းရိခြင်းကို မဖြစ်စေ။
ဒကာ ဒကာမများက လုပ်ကျွေးမွေးမြူရန်
လွယ်ကူဖို့သာ ဖြစ်စေ၏။
ဒကာ ဒကာမများက လုပ်ကျွေးမွေးမြူရန်
ခဲယဉ်းမှုကို မဖြစ်စေ။
ဤကဲ့သို့သော တရားမျိုးသည်
အပါယ်လေးပါး မကျအောင် ရွက်ဆောင်တတ်သော
သဘောဓမ္မဖြစ်၏။
ကိလေသာအပူကို ပယ်ဖျောက်ကြောင်း
ဝိနယဖြစ်၏။
မြတ်စွာဘုရားရှင်တို့၏ အဆုံးအမ
(သတ္တုသာသန)ဖြစ်၏။
ထိုသဘောတရားများနှင့် ဆန့်ကျင်ဘက်
ရာဂဖြင့် ကပ်ငြိရေး
သံယောဇဉ်တိုးပွားရေး စသော အင်္ဂါများနှင့်
ပြည့်စုံနေလျှင် အဓမ္မ အဝိနယ အသတ္တုသာသနအဖြစ် ဆုံးဖြတ်နိုင်သည်။
(အင်္ဂုတ္တုရ်ပါဠိတော် အဋ္ဌကနိပါတ် သံခိတ္တသုတ်)
{မေတ္တာရှင်(ရွှေပြည်သာ)၏ဆောင်းပါးမှ ကောက်နုတ်ရေးသားပြီး
ဓမ္မ post ကို ပြန်လည်ကူးယူ ပူဇော်ပါသည်။}
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment