Monday, April 20, 2015

အကောင်းဆုံး လက်ဆောင်။

        ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ကြားမှာ မိဘက သားသမီး ကိုပဲဖြစ်ဖြစ်၊ သားသမီးက
မိဘကိုပဲဖြစ်ဖြစ်၊ တပည့်က ဆရာကိုပဲဖြစ်ဖြစ် တစ်ဦးဦးကို မေတ္တာဖြင့်သော်လည်းကောင်း၊
သနားဂရုဏာဖြင့်သော်လည်းကောင်း ပေးကမ်း တတ်ကြပါသည်။ သံဃာတော်များကိုလည်း
ပစ္စည်းလေးပါး အစရှိသဖြင့် လှူဒါန်းတတ်ကြပါသည်။ လှူဒါန်း ပေးကမ်းရတာတွေ အများကြီး

ဖြစ်လာတဲ့အခါ ပေးရတဲ့အထဲမှာ ဘာပေးတာ ပိုကောင်းသလဲ။ ဘယ်ဟာက အကောင်းဆုံး
ပေးကမ်းခြင်းလဲ ဆိုတာ သိရှိနားလည်ဖို့ အရေးကြီးပါသည်။
         ပေးကမ်းတာကို ပါဠိစာပေမှာ “ ဒါန” လို့ ပြောကြပါတယ်။ လှူစရာပစ္စည်းကိုလည်း
“ ဒါန” လို့ ခေါ်ပါတယ်။ လှူစေတတ်တဲ့ စေတနာကိုလည်း “ ဒါန” လို့ ခေါ်ကြပြန်ပါတယ်။
“ ဒါန ဒတွာ” ဆိုတဲ့ စကားမှာ “ ဒါနံ” အလှူဒါနကို “ ဒတွာ” ပေးလှူသောကြောင့်၊ အဲဒီ စကား
ရပ်မှာ လှူစရာ ပစ္စည်းဝတ္ထုကို လှူသောကြောင့်၊ ဒီလိုအဓိပ္ပါယ် ယူရပါမယ်။ “ ဒါနတော ဘော
ဂ၀ါ” ဒါနကြောင့် စည်းစိမ်ဥစ္စာ ကြွယ်ဝတယ်၊..ဆိုတာကျတော့ အဲဒီ ဒါနက စေတနာကို ပြော
တာပါ။ ကံတရားကို ပြောတာပါ။ လှူလိုက်တဲ့.  . လှူစေတတ်တဲ့ စေတနာစွမ်းအား ကံတရား
သည် ဖြစ်လေရာ ဘ၀မှာ ချမ်းသာကြွယ်ဝခြင်း၊ စည်းစိမ်ဥစ္စာ ပေါများခြင်းဆိုတဲ့ အကျိုးကို
ပေးပါတယ်။ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ကြပါတယ်။
         ဒါနဆိုတာ တစ်ဦးနဲ့ တစ်ဦး လက်ဆောင်အဖြစ်ပေးကြတယ်၊ ကိုယ့်မှာရှိတဲ့ ပစ္စည်းကို
အများအတွက် စွန့်ကြဲကြတယ်။ အစားအသောက် ပေးတာရှိတယ်။ နေစရာအိမ် ပေးတာရှိတယ်
အဲဒီလို ပစ္စည်းဝတ္ထု ပေးတာမဟုတ်ဘဲ နောက်တစ်ခုက ဓမ္မဒါန၊ ပညာဒါနတဲ့၊..အသိပညာကို
ပေးကြတယ်၊  မသိသေးတဲ့လူကို သိအောင် ပြောပြတယ်၊ အသိဉာဏ် ဖွံ့ဖြိုးအောင် ဆောင်
ရွက်ပေးတယ်၊ ဒါလည်း ပေးတာပါပဲ။ ဒါဆိုရင် ပေးမှုတွေ များစွာရှိတဲ့ အထဲမှာ ပစ္စည်းဥစ္စာ
ပေးတာနဲ့ အသိပညာပေးတာ ဘယ်ဟာက ပိုကောင်းသလဲ။
         ပစ္စည်းတစ်ခု ပေးလိုက်တယ်ဆိုရင် ပေးတဲ့သူက ကုန်သွားပြီး ယူတဲ့သူက ရတာပါ။ အဲ
ဒီတော့ ပစ္စည်းဒါနဆိုတာ ယူမယ့်ပုဂ္ဂိုလ်အတွက် အကျိုးပြုတဲ့ လုပ်ရပ်တစ်ခုပဲ။ တစ်ဖက်သား
ရဲ့ လိုအပ်ချက်ကို ဖြည့်ပေးတာ၊ စားစရာ မရှိတဲ့သူကို စားစရာပေးလိုက်တယ်။ နေစရာ မရှိလို့
နေစရာပေးလိုက်တယ်။ အသိပညာ မရှိလို့ အသိပညာ ပေးလိုက်တယ်၊ လက်ခံတဲ့သူ၊ ယူတဲ့သူ
ရသွားပါတယ်။ လက်ခံတဲ့သူ၊ ယူတဲ့သူကို အကျိုးပြုပါတယ်။ လှူတာက ကုသိုလ်ရပါတယ်။
လျှောက်လှမ်းနေရတဲ့ သံသရာ ခရီးကြမ်းအတွက် အထောက်အပံ့ ဖြစ်ပါတယ်။
         မြတ်စွာဘုရားက “ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ” တဲ့။ သဗ္ဗဒါနံ=အားလုံးသော ပေးမှုတွေ
ကို၊ ဓမ္မဒါနံ=ဓမ္မကို ပေးခြင်းက၊ ဇိနာတိ=အနိုင်ရပါတယ် တဲ့။ “ ဓမ္မဒါန” ဆိုတာ အားလုံးနား
လည်နေကြတဲ့ တရားအလှူပါ။ တရားအလှူဟာ အမြတ်ဆုံးပါ။
      အဆောက်အဦးပဲ လှူလှူ၊ စားစရာပဲ လှူလှူ၊ ၀တ်စရာပဲ လှူလှူ၊ ဆေးပဲ လှူလှူ၊ ပစ္စည်း
ဝတ္ထု လှူတာတွေ အားလုံးကို “ အာမိသဒါန” လို့ ခေါ်ပါတယ်။ အသိဉာဏ်နဲ့ ပတ်သက်တာတွေ
ကို သင်ကြား၊ ဟောကြား၊ ဖြန့်ဝေပေးတယ် ဆိုတာကျတော့ “ ဓမ္မဒါန” လို့ ခေါ်ပါတယ်။ “ ဓမ္မ
ဒါန” ဆိုတာက အကောင်အထည်ကြီးရှိတာ မဟုတ်ဘူး။ အသိပေးတာ၊ အသိဉာဏ်ပဲ ရသွားပါ
တယ်။ အသိဉာဏ် ရတာနဲ့ သံသရာလည်လမ်းကိုလည်း သိရှိပါတယ်။ သံသရာ လွတ်လမ်းကို
လည်း သိရှိပြီး နိဗ္ဗာန်ဆီသို့ မကွေ့မကောက် ဘ၀ဖြောင့်နိုင်ပါတယ်။
       ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင် ဓမ္မမိတ်ဆွေ အပေါင်းတို့ဟာလည်း အလှူဒါနများ
စွာ ရှိကြတဲ့အထဲ “ ဓမ္မဒါန”  တရား၊ အသိပညာ အလှူက အမြတ်ဆုံး၊ အသာဆုံး ဟု နားလည်
သဘောပေါက်ကြပြီး နိဗ္ဗာန်ချမ်းသာကို မျှော်မှန်းလျက် ကျင့်ကြံကြိုးကုတ် အားထုတ်တော်
မူနိုင်ကြပါစေ ကုန်သတည်း။ ။
 {ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်နေ့ မန္တလေးမြို့၊ မဟာအောင်
မြေမြို့နယ်၌ ဒေါက်တာ အရှင်နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော
 “ ၁၂  နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment