ဝိပသနာလေ့လာ အားထုတ်သူ များယနေ့ ခေတ်တော်တော်များများ
တရားစခန်းရိပ်သာများတွင် ဟောကြားပြသနေသော အလွဲလေးတစ်ခုကိုပြောပြချင်လို့ပါ
အလွဲကြီးဟုဆိုလျှင်လဲရပါသည် အဘယ်အကြောင်းဟူမူကာ တသံသရာလုံး စွဲလာခဲ့သော
အယူမှား ဒိဋ္ဌိ ကိုအရင် မဖြုတ်ဘဲ တဏှာသတ်တရားများသာ အတွင်တွင်ဟောပြောနေကြပြီး
တဏှာကိုအရင်သတ်ခိုင်းနေကြတာတွေ့ရပါတယ် ဆရာတော်ကြီး တစ်ပါး၏
တဏှာသတ်ပုံလေးကိုလဲပြော ပါအုန်းမည် (မင်းတို့ တဏှာသတ်တဲ့ပုံက
အနူမီးကင်သလိုဘဲ အနာတွေက ယားလွန်ူးလို့ ကုတ်မနိင်တဲ့အခါ သက်သာဖို့အတွက်
ခဏမီးကင်တော့ အယားပြေသွားတယ် နောက်နဲနဲကြာတော့ပြန်ယား ပြန်မီးကင် ဒါ
နဲ့ မဆုံးတော့ဘူး အဓိက အနူရောဂါ ဖြစ်တဲ့ ဒိဋ္ဌိ ကိုမှမသတ်ရင်
ကရွတ်ကင်းလျှောက်သလို လည်နေမှာဘဲ...) လို့ မိန့်ပါတယ် တကယ်လေ့လာတဲ့အခါမှာလဲ
သာမန် ပုထုဇဉ်ကအစ သောတာပန်၊ သဒ္ဒါဂမ်၊ အထိတဏှာမကုန်ဘူး
အနာဂမ်အဆင့်ရောက်တော့ မှ....?တဏှာ ကုန်သွားပြီမထင်နဲ့ အကြမ်းစားတဏှာ
မဖြစ်တော့ပေမယ့် အနုသယကိလေသာ ခေါ်တဲ့စိတ်နဲ့ခံစားမှုရှိသေးတယ်ဆိုဘဲ
ရဟန္တာအဆင့်ကို ရောက်မှဘဲ တဏှာကုန်တာဗျို့ ဒါနဲ့ ပတ်သက်ပြီး (မဃဒေဝ)
ထဲမှာဘယ်လိုဖွဲ့ဆိုထားလဲ ဆိုတော့**** သောတာပန်ထိုနှစ်ခု ဟိုအမှုမကုန်
အနာဂါမ်ဖိုလ်ကိုကူးပါမှ နှစ်ကိုယ်ပူးလွတ်ကြမည့်ပုံ***
သောတာပန်ထိုနှစ်ခုဆိုတာ သောတာပန်ရယ် သဒ္ဒါဂမ်ရယ်ကိုရည်ညွှန်းတာပါ ဟိုအမှုနဲ့
ဆိုတာကတော့ ၁၈ နှစ်ကျော်ရင်သိကြပါတယ် အနာဂမ်မိဖိုလ်ကို
ကူးရင်တော့လွတ်ပြီပေါ့နော် ဒီတော့ ဒိဋ္ဌိကိုမသတ်ဘဲ တဏှာကိုရွေးသတ်နေလို့ကတော့
ကရွတ်ကင်းလျှောက်သလို လည်နေမှာတော့ အမှန်ဘဲဗျ
ကဲ...အပေါ်ကဘွဲ့တော်မတပ်ထားတဲ့ ဆရာတော်ကြီးရယ် (မဃဒေဝ) တို့ပါဘေးချထားလိုက်
မယုံနဲ့အုန်းဒီတခါ ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့တာလေးကို
တင်ပြချင်တယ် _/\_ *** _/\_ *** _/\_ “ တယောမေ ဘိက္ခဝေ ဓမ္မေ အပ္ပံဟာယ
အဘဗ္ဗောရာဂ ပဟာတုံ ဒေါသံ ပဟာတုံ မောဟံ ပဟာတုံ ကတမေ ယော သက္ကာယဒိဋ္ဌိ‘
အပ္ပဟာယ၊ ၀ိစိကိစ္ဆိ အပ္ပဟာယ သီလဗ္ဗတ ပရာ မာသ အပ္ပဟာယ ဣမေခေါ ဘိက္ခဝေ တယော ဓမ္မေ
အပ္ပဟာယ အဘဗ္ဗော ရာဂံ ပဟာတုံ ဒေါသံ ပဟာတုံ မောဟံ ပဟာတုံ”…….။_/\_ *** _/\_
*** _/\_(့မြန်မာပြန်) သံသရာဝဋ် ကျော့ကွင်းညွတ်မှ ကင်းလွတ်လိုငြား
အိုချစ်သားတို့ သုံးပါးကုန်သော ဤဆိုလတ္တံ့ သော တရားတို့ကို၊ မထမဦးစွာ
မဖယ်ခွါမူ၍ ရာဂတရားကို ဖယ်ခွါခြင်းငြာ ဒေါသကို ဖယ်ခွါခြင်းငြာ မောဟကို
ဖယ်ခွါခြင်းငြာ မထိုက်လေတော့ပြ၊ီ အဘယ်တရား သုံးပါးတို့နည်း ဟူမူကား
သက္ကာယဒိဋ္ဌိကို ပထမဦးစွာ မဖယ်ခွါဟူမူ၍ ၀ိစိက္ကိစ္ဆာကို ပထမဦးစွာ
မဖယ်ခွါဟူမူ၍ သီလဗ္ဗတပရာမာသကို ပထမဦးစွာ မဖယ်ခွါဟူမူ၍ သံသရာဝဋ်
ကျော့ကွင်းညွတ်မှ ကင်းလွတ်လိုငြား အိုချစ်သားတို့ မုချဧကန် အမှန်စင်စစ်
အားဖြင့် သုံးပါးကုန်သော ဤသက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတ ပရာမာသ
တရားတို့ကို ပထမ ဦးစွာ မဖယ်ခွါမူ၍ ရာဂတဏှာကို ဖယ်ခွါခြင်းငှာ ဒေါသကို
ဖယ်ခွါခြင်းငှာ မောဟကို ဖယ်ခွါခြင်းငှာ အစဉ်အတိုင်သာ ရနိင် တက်နိင်သည့်
မဂ်စဉ်နှင့် မကိုက်ညီ၍ မထိုက်လေ တော့သည်။ ( ဒသဂုင်္တ္တရ ပါဋ္ဌိတော် ) ကဲ
ကျနော့်အမျိုးတွေ ကျနော်တင်ပြတာကို သဘာဝကျတယ် သဘောကျတယ် ဆိုရင်
နည်းလေးဆက်ပေးမယ် ဒိဋ္ဌိကွာအောင် ရှုလိုလျှင် နာမ်ဓာတ်ကို အာရုံစိုက်၍
ကြပ်ကြပ်ဖိရှု ရှုရသည်၊ ဒိဋ္ဌိသည် နာမ်မှာ များများ စူးစိုက်သည်၊
ရုပ်မှာများစွာ မစူးစိုက် တဏှာသည် ရုပ်မှာ များများ စူစိုက်သည်၊
နာမ်မှာ များများ မစူးစိုက်၊ အခံဓာတ်နှင့် အတိုက်ဓာတ် ပြိုင်ဆိုင်သော အခါ
သိမှုစိတ်လေး ပေါ်လာသည်ကို နာနာ ကြပ်ကြပ်မှတ် ၎င်းသိစိတ်ကလေးသည် လူ. နတ် ဗြဟ္မာ
သတ္တ၀ါ မဟုတ် သိမှုသာ ဟုတ်သည်ဟု ဥာဏ်အမြင်သန် သည့်အတိုင်း ပယ်လိုက်
ယူလိုက်လျှင် ဒိဋ္ဌိကွာပြီး အနိမ့်ဆုံး ကလျာနပုထုဇဉ်အနေဖြင့်
အပါယ်ဘေးကင်းဝေးပါမည်အကြောင်း သတင်းကောင်းပါးလိုက်ရပါသည်
သူတော်ကောင်းတို့...။(မည်သူကိုမှမရည်ရွယ်ပါ ဓမ္မသက်သက်ရေးသားခြင်းဖြစ်ပါတယ်
ကျနော်ထက်ပိုသိသူများမှလဲ ဆုံးမသြ၀ါဒပေးနိင်ပါတယ် အမှန်မြင်ပြီး
အမြင်မှန်နိင်ကြပါစေ ) မူကြိုဆရာ
No comments:
Post a Comment