Thursday, August 20, 2015

ဘုရားစစ် ဘုရားမှန် ပွင့်တော်မူဖို့ ခဲယဉ်းပုံ



ဦးဇင်းတို့ကိုးကွယ်ဆည်းကပ်နေသည့် မြတ်စွာဘုရားရှင်ဟာ ဥံဖွ ဘုရားဖြစ်စေဟူ၍လည်းကောင်း၊ နတ်တွေ သိကြားတွေ ဗြဟ္မာတွေက ဖန်ဆင်းပေးလိုက်လို့ ဘုရားဖြစ်လာရခြင်းမျိုးမဟုတ်ပါ။ အကယ်၍သာ ဖန်ဆင်းပေးလို့သာ ဘုရားဖြစ်မယ်ဆိုရင် ပုထုဇဉ်တစ်ယောက်မှ ရှိမှာမဟုတ်တော့ပါဘူး။ အားလုံး ဘုရားအဖြစ်ကို ဖန်ဆင်းရယူကြမှာဖြစ်ပါတယ်။ တကယ်တော့ ဘုရားတစ်ဆူဆူ ပွင့်တော်မူဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလှပါတယ်။ "ကိစ္ဆော ဗုဒ္ဓါန မုပ္ဗါဒေါ" ဆိုသလိုပေါ့။

ဘုရားတစ်ဆူဆူပွင့်ဖို့ ခဲယဉ်းခြင်းတဲ့ ဘာကြောင့် ဘုရားတစ်ဆူဆူပွင့်ဖို့ခဲယဉ်းတာလည်းဆိုတော့ ဘုရားဖြစ်အောင်ကျင့်ရတဲ့အကျင့်တွေ ပါရမီတွေကများလို့ ပါ။အကျင့်တွေ များသလို ကျင့်ရတဲ့ကာလဟာလည်းအလွန်ပင်များလှပါတယ်။ ပါရမီမရှိဘဲ မြတ်စွာဘုရားဖြစ်ဖို့ အသာထား အရိယာပုဂ္ဂိုလ်များသည်ပင်လျှင် ထိုက်သည့် ပါရမီများ ရှိရမှာဖြစ်ပါတယ်။ ပါရမီမရှိဘဲ ပါရမီဆိုတာကို နားမလည်ဘဲ ဘုရားဖြစ်တယ်လို့ဆိုပါလျှင် အဓိပ္ဗါယ်ကင်းမဲ့သည့် အဆိုသာဖြစ်မှာပါ။ ပါရမီတွေက.
၁။ ဒါန – အလှူလှူခြင်း။

၂။ သီလ – အကျင့်ကျင့်ခြင်း။

၃။ နိက္ခမ – တောထွက်ခြင်း။

၎။ ခန္တီ – သည်းခံခြင်း။

၅။ အဓိဌာန – ဆောက်တည်ခြင်း။

၆။ သစ္စာ – မှန်ကန်စွာဆိုခြင်း။

၇။ ဝိရိယ – လုံလထြွကခြင်း။

၈။ ပညာ – ဥာဏ်နှင့်ပြည့်စုံခြင်း။

၉။ မေတ္တာ – ချစ်ခြင်း။

၁၀။ ဥပေက္ခာ – လျစ်လျှူရှုခြင်း။ ဟူ၍ ဆယ်ပါးဖြစ်လေသည်။ ထိုပါရမီ ဆယ်ပါးတို့ကို အယုတ်၊အမြတ်၊ အလတ်၊ အမြတ်အားဖြင့်၊ တပါးပါး၌၊ သုံးပါး၊ သုံးပါးစီ ပြားပြန်သောကြောင့်၊ ဒသပါရမီ၊ ဒသဥပပါရမီ၊ ပါရမီဆယ်ပါး အပြားသုံးဆယ်ဟု ခေါ်လေသည်။ မည်သည့် ကမ္ဘာတွင် ပေါ်ထွန်းသော မည်သည့်ဗုဒ္ဓမဆို၊ ထိုပါရမီများကို ဖြည့်ဆည်းမှသာလျှင် ဘုရားဖြစ်ရပေမည်။ကျင့်ကြံရတဲ့ ကာလကလည်းမြတ်စွာဘုရားရှင်ပေါ်မူတည်ပြီး များပြားလှပါတယ်။ဆိုလိုတာက ပညာဓိကဘုရား ဦးဇင်းတို့မြတ်စွာရှင်ဆိုလို့ ရှိရင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီတွေကိုဖြည့်ကျင့်ရတာပါ။

သဒ္ဓါဓိကဘုရား-သဒ္ဓါတရားကိုအကြီးမှူးထားပြီးဘုရားဖြစ်မယ့် ဘုရားရှင်ဟာ ရှစ်သင်္ချေနဲ့ကမ္ဘာတစ်သိန်းဖြည့်ကျင့်ရပါတယ်။ ဝီရိယာဓိကဘုရား-ဝီရိယကိုအကြီးမှူးထားပြီးဘုရားဖြစ်မယ့် ဘုရားရှင်ဟာ တစ်ဆယ့်ခြောက်သင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီများကိုဖြည့်ကျင့်ရပါတယ်။အဲလို ဖြည့်ကျင့်ရတဲ့ပါရမီတွေ ဖြည့်ကျင့်ရတဲ့ကာလတွေများသည်ဖြစ်လို့  မြတ်စွာဘုရားရှင်က ဘုရားတစ်ဆူဆူဖြစ်ဖို့ခဲယဉ်းတယ်လို့ ဟောတာပါ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment