သာသနာ့ဝန်ထမ်းတွေ စည်းကမ်းမဖောက်သေးပါဘူး။ အခုဖော်ပြတဲ့ ဓာတ်ပုံများက "သကျဓီတာ သီလရှင်စာသင်တိုက်"ရဲ့ နေ့စဉ် (Run) နေတဲ့ သာသနာပြုပုံရိပ်များဖြစ်ပါတယ်။ အမျိုးသမီးလေးတွေ ဖြစ်ပေမယ့် သာသနာအတွက် အလုပ်လုပ်နေတာကို မြင်ရတော့ အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ လေးစားမှုလည်းဖြစ်ရပါတယ်။ သာသနာကိုတန်ဘိုးထား ဂုဏ်ကိုကြည့်တတ်တဲ့သူ ကြည်ညိုတတ်တဲ့ သူများအဖို့တော့ ဝမ်းမြောက်စရာ၊ ကြည်ညိုစရာ၊ လေးစားစရာ၊
အတုယူစရာများ ဖြစ်မှာ သေချာပေမယ့် သာသနာကို မကြည်ညိုတတ်တဲ့ အပြစ်မြင်တတ်တဲ့သူများအဖို့တော့ ကဲ့ရဲ့စရာ ဖြစ်ချင်ဖြစ်နေမှာပါ။ ဘာလို့လဲဆိုတော့ အပြစ်ကိုပဲကြည့်နေတတ်တဲ့သူရဲ့ မြင်ကွင်းထဲမှာ ဂုဏ်ဆိုတာမျိုးကို ဘယ်တော့မှ မမြင်တတ်လို့ပါပဲ၊ ဦးဇင်းငယ်လေးတွေ၊ ကိုရင်ငယ်လေးတွေ၊ သီလရှင်ငယ်လေးတွေ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ ကစားတယ်။ စားတယ်ဆိုပြီး အပြစ်မြင်နေတတ်သူများ သေသေချာချာလေ့လာသွားပါ။
ထိုသီလရှင်များထဲမှာ ဓမ္မစရိယတန်း၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း စတဲ့ အတန်းစုံမှာတက်ရောက်ပြီး ပရိယတ္တိ၊ ပဋိပတ္တိသာသနာကို ဆောင်ရွတ်နေကြတာပါ။ လပြည့် လကွယ်တိုင်းရဲ့ အဖိတ်နေ့တိုင်းမှာလည်း ရွာစဉ်လှည့်၊ အိမ်စဉ်လှည့် လမ်းစဉ်လှည့်ကာ ဝမ်းစာအတွက်လည်း ရှာဖွေနေရပါသေးတယ်။ လှဖို့ ပဖို့ လိမ်းချယ်ဖို့ဆိုတာ စိတ်ကူမှာတောင် မစဉ်းစားနိုင်ကြပါဘူး။
သာသနာကိုအပြစ်တင်နေသူများ မိမိနှင့်သော်လည်းကောင်း၊ မိမိ၏ သားသမီး မြေးမြစ်များနှင့် သော်လည်းကောင်း နှိုင်းယှဉ်ပြီး ကိုယ်ချင်းစာတတ်ကြပါစေဟု ဆုတောင်းလိုက်ရ၏။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment