"ပထမ ဆုံး 'တေ၀ါစိက သရဏဂုံ' တည်သူ ဥပါသကာ"
*************************************
-"ယသ သတို့သား၏ဖခင်ကြီး" သည် သား "ယသ သတို့သား" အိမ်မှ ထွက်သွားသောကြောင့် သားပျောက်ရှာထွက်လာ၏။ ထိုအခါ "ဗုဒ္ဓမြတ်စွာဘုရားရှင်" နှင့်တွေ့၍ တရားနာရသောအခါ ပထမဦးဆုံး သရဏဂုံသုံးပါး တည်သူ (တေ၀ါစိက သရဏဂုံတည်သူ) ဖြစ်ပါလေ၏။
သူ သည်-
"အကျွန်ုပ် တပည့်တော်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ တရားတော် ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သံဃာတော် ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဗုဒ္ဓမြတ်စွာ သည် တပည့်တော်အား ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါး ကို ကိုးကွယ် ဆည်းကပ်သူ ဥပသကာ ဟူ၍ အသိအမှတ်ပြုတော်မူပါ မြတ်စွာဘုရား" …….ဟုလျှောက်ထားကာ ပထမဦးဆုံး "တေ၀ါစိက သရဏဂုံ ဥပါသကာ" အဖြစ်ခံယူလေ၏။
(မဟာဗုဒ္ဓ၀င် ဒုတွဲ၊၅၁၃၊၀ိ၊၃၊၂၃။)
"ပထမ ဆုံး 'တေ၀ါစိက သရဏဂုံတည်သူ' ဥပါသကာမ"
*************************************
-"ယသ သတို့သား၏ မိခင် သုဇာတ" နှင့် "ယသ ၏ ဇနီး" တို့ သည် "ဗုဒ္ဓမြတ်စွာဘုရားရှင်" နှင့်တွေ့၍ တရားနာရသောအခါ အမျိုးသမီး များတွင် ပထမဦးဆုံး တေ၀ါစိက သရဏဂုံတည်သူ(သောတပန် အရိယာ) ဖြစ်ကြပါလေ၏။
(မဟာဗုဒ္ဓ၀င် ဒုတွဲ၊၅၂၀၊၀ိ၊၃၊၂၅။)
ကလျာဏ မိတ္တ(ကိုညီညီတင်)
nyinyitindrums@gmail.com မှ ကူးယူပူဇော်ပါသည်။
No comments:
Post a Comment