ဘုန်းကြီးတို့ အင်္ဂလိပ်စာ နည်းနည်းလေးအဆင့်မြင့်မြင့် သင်မိတဲ့အချိန်မှာ The dictionary of synonym ဆိုတဲ့ စာအုပ်ကို သင်ရတယ်။ အဲဒီထဲမှာ Abominable ဆိုးသော ၊ Execrable ပို၍
ဆိုးသော ၊ Detestable အလွန်သာ၍ဆိုးသော။ Degree တွေက တစ်ခုထက်
တစ်ခုမြင့်သွားတယ်။ အဲဒီ စကားလုံး ၃ လုံးအကြောင်းကို အဲဒီစာအုပ်ထဲမှာ Story
လေးတစ်ပုဒ်နဲ့ ရှင်းပြထားတယ်။
ဘီစီ ၅၀၀ လောက်တုန်းက ဒင်နိုနီးရှား ဆိုတဲ့ မင်းတစ်ပါးဟာ
အီတလီနိုင်ငံရဲ့ အနီးအနား မြေထဲပင်လယ်နားက ကျွန်းကလေးတစ်ကျွန်းမှာ
အုပ်ချုပ်တယ်။ အဲဒီ ကျွန်းလေးနာမည်က စစ္စလီကျွန်း။ အဲဒီကျွန်းလေးပေါ်မှာ
အဲဒီမင်းကြီး အုပ်ချုပ်တယ်။
မင်းကြီးနာမည်က ဒင်နိုနီးရှား။ အဲဒီမင်းက သိပ်ရက်စက်ကြမ်းကြုတ်တယ်။
ခရစ်မပေါ်သေးခင်ဆိုတော့ အဲဒီရောမ ပတ်ပတ်လည်မှာ လူတွေဟာ နတ်အမျိုးမျိုးကို
ကိုးကွယ်ပြီးတော့
နတ်ကျောင်းတွေရှိတယ်။ တို့ တောင်ပြုန်းရွာကို သွားလိုက်လို့ 
ရှိရင် တစ်ရွာလုံး နတ်ကျောင်းကြီးပဲ။ နတ်ကွန်းကြီးပဲ။ အဲဒီလိုပေါ့။
အဲဒီတော့ တိုင်းသူပြည်သား လူအများက အဲဒီနတ်ကွန်းတွေထဲ သွားသွားပြီးတော့
ဆုတောင်းကြတယ်။ အခု တိုင်းပြည်က
ဘုရင်က အလွန်ရက်စက်ကြမ်းကြုတ်လို့ အဲဒီ ဘုရင် အသက်မရှည်ပါစေနဲ့ ။
မြန်မြန်သေပါစေဆိုပြီး တိုင်းသူပြည်သားတွေက ၀ိုင်းဆုတောင်းကြတယ်။ အဲဒီ
ဘုရင် မကြာခင်သေတာပဲ။
ဟော……….နောက် ဘုရင် တစ်ပါးထပ်တက်လာတယ်။ သူက
အရင် ဘုရင်ထက် ပိုပြီးရက်စက်တယ်။ ပိုဆိုးတယ်။ အဲဒါကြောင့် တိုင်းသူပြည်သား
လူအများ အဲဒီ နတ်ကျောင်းတွေ နတ်ကွန်းတွေထဲသွားပြီး ဆုတောင်းကြပြန်တယ်။ အဲဒီ
ဘုရင်ဆိုးကြီး မြန်မြန်
သေပါစေ ဆိုပြီးတော့ပေါ့။ အဲဒီအခါ အဲဒီဘုရင်လည်း သေသွားပြန်ရော။ ဆုတောင်းက တယ်ပြည့်တာကိုးကွ။ မင်း ၂ ပါးသေသွားတယ်။
ဒါနဲ့ နောက် တတိယတစ်ကောင် ထပ်တက်လာပြန်တယ်။ အဲဒီ
အကောင်ကျတော့ အဆိုးဆုံးအကောင်ဖြစ်နေတယ်။ အဆိုးဆုံး ဘုရင်ပေါ့ကွာ။ အဲဒီတော့
တိုင်းသူပြည်သားတွေက စဉ်းစားတယ် ၊ တို့ ဘယ်လို ဆုတောင်းရင် ကောင်းမလဲ။
ပထမဆုတောင်းလည်း
ပြည့်တယ် ၊ ဆိုးတဲ့ကောင် သေသွားတယ်။ ဒုတိယ ဆုတောင်းလည်းပြည့်တယ် ၊
ပိုဆိုးတဲ့ကောင် သေသွားတယ်။ အခု တတိယတစ်ကောင်လာတော့ ဘာဖြစ်လဲ။ လူတွေ
အသက်ရှုဖို့ တောင် မလွယ်တော့ဘူး။ ဟာ………..ဒီတစ်ခါတော့ တို
့ဆုတောင်းပြောင်းရင်
ကောင်းမယ်။ အဲဒီလိုဆိုပြီးတော့ ဘုရားကျောင်းထဲမှာ အကုန်
စုပြီးတော့ ဆုတောင်းကြတယ်။
အဲဒီမှာ အဖွားအိုကြီးတစ်ယောက်က ဦးဆောင်ပြီးတော့ အသံအကျယ်ကြီးအော်ပြီးတော့ ဆုတောင်းတယ်။
“ အဆိုးဆုံးဘုရင်ကြီး သက်တော်ရာကျော် ရှည်ပါစေ။ ”
အဲဒီအချိန်မှာ ဘုရင်ကြီးက ရုပ်ဖျက်ပြီး အဲဒီ ဘုရားကျောင်းထဲက
ဆုတောင်းတဲ့ သူတွေကြားထဲ ၀င်ထိုင်နေတယ်ဆိုပဲ။ အဲဒီမှာ ဘုရင်ကြီးက
တိုင်းပြည်က ငါ့ကို မေတ္တာဘယ်လောက်ထားလဲဆိုတာသိလိုက်ပြီ။ အကုန်လုံးက
သက်တော်ရာကျော်ရှည်ပါ
စေချည်း ဆုတောင်းနေကြတယ်။ ထူးတော့ ထူးဆန်းတယ်ဟေ့။ ငါ့လောက်
ဆိုးတဲ့ကောင်လည်းမရှိဘူး။ ငါ့လည်း သက်တော်ရာကျော်ရှည်ဖို့ ဆုတောင်းနေကြတယ်။
ဒါကြီးကတော့ ထူးဆန်းနေတာပဲ။
သူလည်း သူ့ ဟာသူတော့ သိသား။ ငါ့ထက်ဆိုးတဲ့ကောင်လည်း မရှိတော့ဘူး။ ငါ့လည်း
အသက်ရှည်ဖို့ ဆုတောင်းနေတယ်။ မဖြစ်သေးဘူး။ ငါမေးအုံးမှပဲ ဆိုပြီးတော့
အဖွားအိုကြီးတစ်ယောက်ကို
ကပ်မေးတယ်။
“ အဖွားရေ ကျုပ်မေးခွန်းတစ်ခုလောက် မေးချင်တယ်။ ပထမ
ဆုတောင်း ဘယ်လိုတောင်းခဲ့သလဲ။ ”ဆိုးသော ဘုရင်ကြီးသေဖို့ ။ သေသွားတယ်။
“ နောက်ဘာဆုတောင်းလဲ။ ”ပို၍ဆိုးတဲ့ ဘုရင်တက်လာတယ်။ သေဖို့ ဆုတောင်းတယ်။ သေသွားတယ်။
“ အခု အဆိုးဆုံး ဘုရင်တက်လာတယ်။ ဘာကြောင့် အသက်ရှည်ဖို့ 
ဆုတောင်းနေတာလဲ အဖွားရဲ့ ။ ”
ဟ………အဲဒီ အဆိုးဆုံးအကောင်ကို သေပါစေလို့ ဆုတောင်းရင် နောက်
စတုတ္တတက်လာမယ့်ကောင်က သူ့ ထက်ဆိုးမှာကြောက်ရတယ်။ အဲဒါကြောင့် ဒီ
အဆိုးဆုံးကောင်လေးနဲ့ ပဲ နေပါရစေတော့။
သူ့ ထက်ဆိုးတဲ့ကောင်တက်လာရင် တိုင်းပြည်မှာ လူကျန်တော့မှာမဟုတ်ဘူး။
အဲဒါကြောင့် ဒီအဆိုးဆုံး မင်း နဲ့ ပဲ နေပါရစေဆိုပြီးတော့
ဆုတောင်းနေတာပါဆိုတော့ အဲဒီအခါ မင်းကြီးက အော်……….
တိုင်းပြည်က လူတွေက ငါ့ကို ဒီလောက်ဆုကောင်းကောင်း တောင်းပေးနေရင် ငါဆိုးလို
့မဖြစ်တော့ဘူး။ အဲဒီအခါကျမှ မင်းကြီးဟာ ကောင်းသွားတော့တယ်တဲ့။
[ သီတဂူဆရာတော်ကြီး အရှင်ဥာဏိသရဟောကြားတော်မူသော
“ဆုတောင်းပြောင်းလိုက်ပါ” တရားတော်မှ ကောက်နုတ်ဖော်ပြပါသည်။ ]
Dhamma Dãna Source ► ကိုထူးတင့်နိုင် &
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment