- "ဗုဒ္ဓမြတ်စွာဘုရားရှင်" သည် မိမိ အလောင်းတော် ဘ၀ကပင် "ဗိမ္ဗိသာရမင်း" အား ပေးခဲ့သော ကတိဝန်ခံချက်အရ "ရာဇဂြိုလ်ပြည်" သို့ကြွတော်ခဲ့မူရာ "၀ါးတော" အတွင်း "သုပ္ပတိဋ္ဌိတ ညောင်ပင်ကြီး" ၏ အောက်၌ သီတင်းသုံးနေပါ၏။ ထိုအခါ "မာဂဓတိုင်း, ရှင်ဘုရင် ဗိမ္ဗိသာရမင်း" သည် "ဗုဒ္ဓမြတ်စွာဘုရားရှင်" ကိုယ်တော်မြတ်အား -
"အရှင်ဘုရား -
တပည့်တော် သည် ဤ ဝေဠုဝန်ဥယျာဉ် ကို ဘုရားအမှူးရှိသော ရဟန်းအပေါင်းတို့အား လှူဒါန်းပါ၏ ဘုရား"ဟုလျှောက်၍ လှူဒါန်းပါ၏။ ထို ဥယျာဉ်တွင် ဆောက်လုပ်သော ကျောင်းကို "ဝေဠုဝန်ကျောင်း" ဟု အမည်ပေးပါ၏။ ထို ကျောင်းတော် သည် သာသနာတော်၌ "ပထမဆုံးကျောင်း" ဖြစ်ပြီး ထို "ဗိမ္ဗိသာရ မင်း" သည်လည်း "ပထမဆုံး ကျောင်းဒကာ" ဖြစ်လေ၏။
ကလျာဏ မိတ္တ(ကိုညီညီတင်)
nyinyitindrums@gmail.com မှ ကူးယူပူဇော်ပါသည်။
No comments:
Post a Comment