Saturday, November 7, 2015

နက္ခတ်ဗေဒင်နှင့် ထေရ၀ါဒဗုဒ္ဓဘာသာ

     ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ သည် "ရတနာသုံးပါး" ကိုသာလျှင်
ကိုးကွယ်ဆည်းကပ် ကြပါသည်။ မြန်မာနိုင်ငံသည်  ထေရ၀ါဒ ဗုဒ္ဓဘာ
သာ နိုင်ငံဖြစ်ပါလျက် ဘာသာခြား ဗြဟ္မဏပုဏ္ဏားများ စီရင်ရေးသား
ထားသော ၁၂ ရာသီဟောကိန်း၊ အကျိုးပေးဂဏန်း၊ ယတြာ၊အဆောင်

များကို ကောက်ကောက်ပါအောင် လိုက်ကြသူများ ရှိကြသည်။
      " မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား၊"
ဟူသည်မှာ ဘုရားရှင် အသီးသီး၏ အဆုံးအမတော် ဖြစ်ပါသည်။ မြတ်
ဗုဒ္ဓက  မကောင်းမှု "အကုသိုလ်" ကိုရှောင်ပါ၊ ဟုသာဟော
တော်မူခဲ့ပါသည်။" ပြဿဒါးကို" ရှောင်ပါ ဟူ၍ဟောတော် မမူခဲ့ပါ။ ထို
နည်းတူ ကောင်းမှု "ကုသိုလ်" ကိုဆောင်ပါ၊ ဟူ၍သာ ဟောတော်မူခဲ့ပါ
၏။"ရက်ရာဇာ" ကိုဆောင်ပါဟူ၍ ဟောတော်မမူခဲ့ပါ။"စိတ်ကိုဖြူအောင်
ထားပါ" ဟူ၍သာ ဟောတော်မူခဲ့ပါသည်။ နက္ခတ်ဗေဒင် အစီအရင်တို့ 
ကို ဆောင်ရွတ်ပါ ဟူ၍ကားဟောတော် မမူခဲ့ပါ။
      အပြုအမူ ဟူသမျှ ကောင်းမှုကံ"ကုသိုလ်"၊နှင့် မကောင်ျးမှုကံ"အ
ကုသိုလ်" များဖြင့် ဘ၀ကို ရက်လုပ် ပုံဖေါ်နေကြခြင်းသာ ဖြစ်ပါသည်။
ကောင်းကင်ပေါ်ရှိ နက္ခတ် ကြယ်တာရာများက လူကိုကောင်းအောင်
လည်း မဖန်တီးနိုင်။ ဆိုးအောင်လည်း မဖန်တီးနိုင်။ ယင်းတို့ သည် သ
ဘာဝနိယာမ သဘောအရ ဆောင်ကာ ရွေ့ ရှားနေခြင်း ဖြစ်ပါ၏။ လူ
သားတစ်ဦး၏ ဘ၀ကို နက္ခတ်ဂြိုဟ်ခွင်၊ ရက်ရာဇာ၊ ပြဿဒါး၊ စသည်
တို့ ကဖန်တီးနိုင်သည် ဟူသော အယူသည် ဗုဒ္ဓဓမ္မနှင့် ဖီလာဆန့် ကျင်
သော အယူဝါဒ သာဖြစ်ပါသည်။
      ဤနှင့်စပ်လျဉ်း၍"ကျေးဇူးရှင် နမ္မားဆရာတော်ဘုရားကြီးက" ဤ
သို့ ဩ၀ါဒ ပေးတော်မူခဲ့ပါသည်။==ကဲ...ကောင်းကင်ပေါ်က ကြယ်
တာရာတွေဟာ လူကိုကောင်းအောင်၊ ဆိုးအောင် မလုပ်နိုင်ဘူး။ ဒီလိုဆို
တော့ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါတွေဟာ လူကိုဘာမှမလုပ်နိုင်ဘူး။ ရက်
ရာဇာ၊ ပြဿဒါး အထင်မှားတွေကို ပယ်စွန့် ကာ အကုသိုလ်ကံကိုသာ
ကြောက်လန့် ကြ၍ ကုသိုလ်ကံကိုသာ အားထားကြရမှာကွယ့်။
      ဗေဒင်ဆိုတာ ဘာနဲ့ တူသလဲဆိုတော့ ကလေးတွေ မန်ကျည်းစေ့
ဝှက်တာနဲ့  တူသကွယ့်။ တခြားတစ်ယောက်က လက်ထဲမှာ မန်ကျည်း
စေ့ဆုတ်ပြီး "ကဲ...စုံလား၊ မလား" လို့ ဆိုတော့ တစ်ယောက်က လက်
ညှိုးကလေးကို ပါးစပ်ထဲထိုးပြီး ဖောက်ကနဲမြည်အောင် စုပ်၍ နံပေါ်ကို
ထောက်လိုက်တော့ နံပေါ်ကျတာနဲ့ "မ"လို့ ဆိုသကွဲ့ ။ နံကြားကျတော့
"စုံ" လို့ ဆိုသကွဲ့ ။ အဲဒါတစ်ခါတစ်ခါ မှန်သွားတာပဲ။ အစွဲအလန်း သိပ်
ပြီးမကြီးသင့်ဘူးကွယ့်။ ကံကောင်းရင် ဘာပဲလုပ်လုပ် အောင်မြင်သ
ကွယ့်။ ကံမကောင်းရင် ရက်ရာဇာရွေးပြီး လုပ်ပေမဲ့ မရပါဘူး။ ။
 {မင်းနန်(မော်ကျွန်း)၏ ဩ၀ါဒတော်များ ကို ကိုးကားရေးသားပူဇော်ပါသည်။ }
       (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
   ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment