နိဝရဏတရား ၅ ပါးမှာ ==
၁။ ကာမ စ္ဆန္ဒ နိဝရဏ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော(စိတ်)ဟူသော ခြောက်ပါးသော
ဒွါရတို့ဖြင့် ဝေဒနာခံစားချင်သောစိတ် ခံစား၍ အားမရ တင်းမတိမ်
နိုင်သောစိတ်။
၂။ ဗျာပါဒ နိဝရဏ = လိုချင်သော်လည်း မရသည့်အတွက် ရပြန်သော်လည်း ကြောင့်ကြသည့်
အတွက် စိတ်ပျက်စိတ်အိုက် ပူပင်သောစိတ်။
၃။ ထိနမိဒ္ဓ နိဝရဏ = ကိုယ်စိတ်၏ လေးလံထိုင်းမှိုင်း ပျင်းရိသောစိတ်။
၎။ ဥဒ္ဓစ္စကုက္ကုစ္စ နိဝရဏ = စိတ်မငြိမ်ဘဲ ပြုမိလေခြင်း မပြုမိလေခြင်းဟူသော ပူပင်သောကစိတ်။
၅။ ၀ိစိကိ စ္ဆာ နိဝရဏ = စိတ်နှစ်ခွဖြစ်၍ မဆုံးဖြတ်နိုင်သောစိတ်တို့ ဖြစ်ပါတယ်။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က သာလျှင်
မြင့်မြတ်တာကို သိနိုင်သည်။
မြင့်မြတ်တာကို သိတဲ့သူတွေကသာလျှင်
မြင့်မြတ်တာကို ပြန်ပေးနိုင်သည်။
မြင့်မြတ်တာကို ပေးနိုင်သူတွေက သာလျှင်
ပေးတိုင်းမကုန်ဘဲ မြင့်မြတ်တာတွေအမြဲ ဆောင်ထားနိုင်သည်။
(ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanadi.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment