Saturday, November 21, 2015

** သေခါနီးတွင်ထင်လာသောအာရုံများ **

သေခါနီးမှာ ဘဝတစ်သက်တာကပြုလုပ်ခဲ့တဲ့ကောင်းမှု၊ မကောင်းမှု တွေဟာ လောလောဆယ်မှာ ပြုလုပ်နေရသလိုပဲပြန်ပြီးထင်မြင် လာတတ်ပါတယ်။ * ကောင်းမှု၊ မကောင်းမှုကျူးလွန်ခဲ့တုန်းက အသုံးအဆောင်ပစ္စည်းတွေ (ကိုယ်မတရား ရယူထားခဲ့တဲ့စည်းစိမ်ဥစ္စာ၊ ယာဉ်၊ အဆောက်ဦီးတွေ၊ ကိုယ်လှူဒါန်းထားခဲ့တဲ့လှူဖွယ်ပစ္စည်းတွေ)

* ကောင်းမှု၊ မကောင်းမှု ကျူးလွန်ခဲ့တုန်းက ပတ်သက်ရာပတ်သက်ကြောင်း ပုဂ္ဂိုလ်တွေကိုယ်အကျိုးပြုကူညီခဲ့တဲ့သူ၊ကိုယ်မတရားပြုခဲ့သူတွေရဲ့ရုပ်ပုံလွှာ တွေဟာ သေခါနီးမှာ ထင်ထင်ရှားရှားပြန်မြင်ယောင်လာ နိုင်ပါတယ်။

* မိမိသွားရမဲ့ဘုံဘဝနဲ့ ပတ်သက်တဲ့ အာရုံတွေ(အမေရဲ့သားအိမ်၊ ကောင်းကင်ဘုံဗိမ္မာန်၊
ငရဲမီးတွေ) ဟာ ထင်ထင်ရှားရှားမြင်လာပါတယ်။

*** သေခါနီး၌ ထင်လာသောအာရုံများကို ပြောင်းလဲခြင်း***
              =======================
* “မိသားစု၊မိတ်ဆွေများမှ ပြောင်းလဲပေးခြင်း”

သေခါနီးပုဂ္ဂိုလ်ရဲ့အမူအရာကို အကဲခတ်ပါ။ သူပြုထားခဲ့တဲ့ ကောင်းမှုကုသိုလ် တွေကိုပြန်ပြီးသတိရအောင်ပြောပေးပါ။ လှူဖွယ်ဝတ္တုတွေကိုယူဆောင်လာပြီးသေ ခါနီးပုဂ္ဂိုလ်ကို ကိုယ်ထိလက်ရောက်လှူဒါန်းခိုင်းခြင်းအားဖြင့် ကောင်းတဲ့အာရုံ
ကိုဖြစ်ပေါ်စေပြီးကောင်းတဲ့ဘုံဘဝဦးတည်စေနိုင်ပါတယ်။

* “မိမိကိုယ်တိုင်အားထုထ်၍ပြောင်းလဲခြင်း”

သေခါနီးမှာ မကောင်းတဲ့အာရုံတွေပေါ်လာခဲ့ရင်ချက်ချင်းစိတ်ကို တည်ငြိမ်စွာထားပြီးကိုယ်ပြုခဲ့တဲ့ကုသိုလ်ကောင်းမှု တွေကိုပြန်မြင် ယောင်နိုင်အောင်ကြိုးစားပါ။ (ဒီလိုကြိုးစားပြောင်းလဲပြစ်နိုင်ဖို့ကြိမ် ဖန်များစွာ ကြိုတင်လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။အကောင်းဆုံး စနစ်တစ်ခုကတော့ မိမိဘဝတစ်သက်တာမှာပြုထားခဲ့တဲ့ ကောင်းမှုကိစ္စတွေကို မှတ်တမ်းပြုစုထားပြီးအကြိမ်ကြိမ်ပြန်လည်ဆင်ခြင် နေဖို့ လိုအပ်ပါတယ်။) ဒီကျင့်စဉ်တွေကိုသာစနစ်တကျပြုကျင့်ထားရင် သေခြင်းတရားကို တည်ငြိမ်သက်စွာရင်ဆိုင်နိုင်ပြီး ကောင်းတဲ့ဘုံဘဝဆီသို့သာ ဦးတည်ပါလိမ့်မယ်။

ဒေါက်တာအေးကျော်(အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး)၏ (အကြောင်းတရားတို့၏အစွမ်းသတ္တိများ စာအုပ်မှ )
သင်ကြားလေ့လာဗုဒ္ဓဘာသာမှ ကူးယူရေးသားပူဇော်ပါသည်။

 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment