ဥပုသ်နေ့ တွေရောက်တိုင်း ရှစ်ပါးသီလ
ယူပြီးဥပုသ်ဆောက်တည်ကြတာဟာ
ဝမ်းသာစရာကောင်းလှပေမဲ့ ယူထားတဲ့
ရှစ်ပါးသီလ မှ သိက္ခာပုသ်တွေ ကျိုးပျက်တာ
ကိုမသိပဲ ကျူးလွန်နေကြတာတော့
ဝမ်းနည်းစရာပါ၊
အထူးသဖြင့် ည ၁၂ နာရီကျော်တာနဲ့ 
အစာစားလို့ ရပြီးဆိုပြီး စားတာမျိုး
ဂျင်းသုပ် လက်ဖက်သုပ် ရေနွေးကြမ်း
သောက်တာမျိုး တီဗွီ ကြည့်တာမျိုး
နှစ်တောင့်ထွာထက်မြင့်တဲ့နေရာမှာ
နေတာမျိုးတွေဟာ သိက္ခာပုဒ် ပျက်မှန်း
မသိပဲကို ကျူးး လွန်နေကြတာပါ။
တကယ်တော့ ဗိုက်ဆာလို့ စားရင်
နောက်တနေ့ အရုဏ်တက်မှသာ
စားလို့ ရတာပါ လအလိုက်အရုဏ်တက်
ချိန်တွေမတူကြပါဘူး (ပို့ စ်တင်ပေးပါမည်)
ဥပုသ်သည် ဖျော်ရည်သောက်နိုင်တာဟာ
ရှစ်မျိုးပဲရှိပါတယ်။
သပြေ သရက် မုဒရက်
ဖတ်မြတ် သစ်မည်စည်
တော အိမ် ငှက်ပျော ကြာစွယ်နှော
မှတ်လောရှစ်ဖျော်ရည်။
အဲဒီမှာ မုဒရက်ဆိုတာ အရည်ရွမ်းတဲ့
အသီးမျိုးကို ပြောတာပါ သံပုရာသီး
ကဗ္ဗလာသီး ရှောက်သီး စတဲ့အသီး
မျိုးကိုပြောတာပါ ဒါတောင် အဖတ်မပါအောင် ရေစစ်နဲ့ စစ်ပြီးမှ
သောက်ရတာပါ၊
ရေနွေးကြမ်းတို့  လက်ဖတ်သုပ် ဂျင်းသုပ်တို့ဆိုတာ ဘယ်လိုမှ
မအပ်စပ်ပါဘူး သိက္ခာပုဒ်ကျိုးပါတယ်၊
အခုခေတ်ပုလင်းဖျော်ရည်တွေဟာ
ဖျော်ရည်အဖြစ် မအပ်စပ်တာများပါတယ်
အသီးအနှံကထုတ်လုပ်တာမဟုတ်လို့ပါ
ဝိနည်းလေးစားတဲ့ဆရာတော်ကြီးများက
အခုခေတ်ပုလင်းဖျော်ရည်တွေကို
မဘုန်းပေးကြပါဘူး အပြစ်သင့်မှာ
ကြောက်လို့ပါ၊
ဥပုသ်ယူထားတယ် တီဗွီကြည့်တယ်
ဖေ့ဘုတ်ကြည့်တယ်။ တရားသက်သက်
နာတာတခုတည်းက အပြစ်မသင့်ပေမဲ့
မိမိကြိုက်နှစ်သက်တဲ့ တရားနဲ့မပါတ်
သတ်တဲ့ သီးချင်းပဲဖြစ်ဖြစ် တခုခုအပေါ်
ကိုသာယာလိုက်ပြီဆိုကတည်းက
နစ္စ ဂီတ သိက္ခာပုဒ် ကျိုးပါတယ်။
တကယ်တော့ နေ့ထူးနေ့မြတ်တွေမှာ
ယူထားတဲ့ဥပုသ်ကို အကောင်းဆုံး
စောင့်ရှောက်ဖို့ကတော့ ၁၂ နာရီ မွန်းလွဲ
တဲ့အခါ သွားတိုက်ပါ၊ ပါးလုတ်ကျင်းပါ၊
တနေကုန် တရားမှတ်တဲ့ အကျင့်နဲ့သာ
နေပြီး နောက်နေ့အရုဏ်တက်ချိန်မှသာ
အစာစားပါ။
သိက္ခာပုဒ်တွေဟာ လေးနက်တဲ့အတွက်
ကျိုးမှန်းမသိကျိုးတတ်ပါတယ်။
ဓမ္မမိတ်ဆွေများ
ဥပုဒ်အပြည့်ရနိုင်ကြပါစေ။ ။ ( Wai Lin Aung)
{တဆင့်မျှဝေပါသည်။}
No comments:
Post a Comment