Monday, November 30, 2015

"ပထမဆုံး သင်္ကန်းအလှူကို လှူရသူ"

       - ဆေးဆရာ "ဇီဝက" သည် "စဏ္ဍပဇ္ဇောတမင်း" ထံမှ လက်ဆောင်ရလာသော "သိဝိရာဇ်တိုင်း"
 ဖြစ် "ပုဆိုးတစ်စုံ"ကိုယူ၍ "ဗုဒ္ဓမြတ်စွာဘုရားရှင်" အား- "အရှင်ဘုရား
ဤပုဆိုးတစ်စုံကို ၀တ်ရုံသုံးဆောင်ရန် အလှူခံတော်မူပါ။
တပည့်သံဃာ တို့မှာလည်း ပံသုကူသင်္ကန်း ကိုသာ ဆောင်ကြရ၍ ပင်ပန်းနွမ်းနယ်လှပါသည်။

ဒါယကာ တို့ ကုသိုလ်ဖြစ်စိမ့်သောငှါ လှူလာသော သင်္ကန်းကို သံဃာတော် တို့ သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူပါ ဘုရား"ဟု လျှောက်ထားပြီး လှူဒါန်းပါ၏။

   "ဗုဒ္ဓမြတ်စွာဘုရားရှင်" သည် "သမားတော်ကြီး ဇီဝက   "လှူဒါန်းသော ပုဆိုးအစုံ ကိုလက်ခံပြီး သံဃာတော်တို့အားလည်း "ဂဟပတိစီဝရ= လူတကာတို့လာရောက် ဆက်ကပ်လှူဒါန်းသော သင်္ကန်း" ကို ခွင့်ပြုတော်မူလေသည်။ "ရာဇဂြိုဟ်ပြည်" ၌နေကုန်သော သူတို့သည်လည်း"သင်္ကန်းလှူခွင့်ရပြီ"ဟု အားရ၀မ်းမြောက်စွာနှင့် အသောင်းအသိန်းမကသော ပုဆိုးတို့ကို စုဝေး၍ ရဟန်းသံဃာတော်တို့အား သင်္ကန်းအလှူပေးလှူကြလေသည်။ သို့သော် "ဆေးဆရာကြီး ဇီဝက" သည် "ဂဟပတိစီဝရကို ပထမဆုံး ဦးစွာ လှူဒါန်းသူ" ဖြစ်လေသည်။

ကလျာဏ မိတ္တ(ကိုညီညီတင်)
nyinyitindrums@gmail.com မှ ကူးယူပူဇော်ပါသည်။

No comments:

Post a Comment