Sunday, March 20, 2016

ပုဂံရွှေဆံတော်စေတီတော် သမိုင်းကြောင်း

ရွှေဆံတော်စေတီကို အေဒီ (၁၀၅၇) တွင် အနော်ရထာမင်း တည်ခဲ့သည်။
 ဥဿာပဲခူးမင်းသည် ပုဂံ အနော်ရထာမင်း၏ စစ်ကူကြောင့်
 ကျွမ်းစစ်သည်မျာကို အောင်နိုင် ခဲ့သည်။ ဥဿာပဲခူးမင်း သည်
 အနော်ရထာမင်းကို ကျေးဇူးတုန့်ပြန်သည့် အနေဖြင့် 
 မွန်မင်းအဆက်ဆက် ကိုးကွယ်ခဲ့သည့် ဗုဒ္ဓ ဆံတော်တစ်ဆူနှင့်
 သမီးတော် မဏိစန္ဒာကို ဆက်သခဲ့သည်။ အနော်ရထာ မင်းသည် 
ဗုဒ္ဓဆံတော်ကို စလေသို့ ကိုယ်တိုင် ဆင်း၍ ကြိုယူခဲ့သည်။
 အေဒီ(၁၀၅၇)တွင်ထိုဗုဒ္ဓရွှေဆံတော်ကို ဌာမနာ၍ ရွှေဆံတော် စေတီတည်ခဲ့သည်။
 ရွှေဆံတော် စေတီတွင် မဟာပိန္နဲနတ်ရုပ်များ ပြုလုပ်ထား၍
 မဟာပိန္နဲ ဘုရားဟုလည်း ခေါ်ဝေါ်ခဲ့ ကြသည်။
 ရွှေဆံတော် စေတီကို လေးထောင့် ပစ္စယာ ငါးဆင့်အထက်၌
 ရှစ်ထောင့်ကြာ ၀န်းခံ၍ ခေါင်းလောင်းပုံ၊ ရင်ဖွဲ့ခါးပတ်၊ 
သပိတ်မှောက်၊ ဖောင်းရစ်စသည်ဖြင့်ဝန်းဝိုင်းရှုးတက်ကာ အထွတ် စေတီတင်ထားသည်။

ရွှေဆံတော် စေတီ၏ မျက်နှာလေးဘက်တွင် ဂန္ဓကုဋီတိုက်များရှိပြီး အတွင်းတွင် သဲကျောက် အမာစာဖြင့် ပြုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ ရှိသည်။
 

No comments:

Post a Comment