{ရှင်ကျင့်ဝတ်ကို မလိုက်နာလျှင် ကုသိုလ်ထက် အကုသိုလ်က ပိုများတတ်ပါတယ်။}
ရှင်ပြု မယ်ဆိုလျှင် လိင် ဆယ်ပါး၊ ဒဏ် ဆယ်ပါးတို့ကို သိထားဖို့လိုပါတယ်။
အောက်ပါ လိင် ဆယ်ပါးမှ အချက်တို့တွင် တချက်ချက်ကို ကျူးလွန်သော ရှင်သာမဏေကို
လူဝတ် လဲပေးရ၏။ လိင် ပြန်ပေးရ၏။
၁။ သတ္တဝါ၏ အသက်ကို သတ်ခြင်း။
၂။ သူတပါး၏ ပစ္စည်းကို မတရားယူခြင်း။
၃။ မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်း။
၎။ မမှန်သော စကားကို ပြောခြင်း။ (ဖြစ်လွယ်တဲ့အတွက် သတိပြုသင့်ပါတယ်)
၅။ အရက်သေစာ သောက်စားခြင်း။
(ဤ ငါးချက်သည် ဆယ်ပါးသီလ၌ ပါဝင်ပြီးဖြစ်၏။)
၆။ မြတ်စွာဘုရားကို အပြစ်ပြောခြင်း၊ ကဲ့ရဲ့ခြင်း။
၇။ တရားတော်ကို အပြစ်ပြောခြင်း၊ ကဲ့ရဲ့ခြင်း။
၈။ သံဃာတော်ကို အပြစ်ပြောခြင်း၊ ကဲ့ရဲ့ခြင်း။
၉။ မိစ္ဆာဒိဋ္ဌိ အယူ ယူခြင်း။
၁၀။ ဘိက္ခူနီမကို ဖျက်ဆီးခြင်း။
*** ဤ ဖော်ပြပါ ဆယ်ချက်အနက် တချက်ချက်ကို ကျူးလွန်လျှင် ရှင်သာမဏေ၏
အသွင်ကိုဖျက်၍ လူဝတ်လဲပေးရလောက်အောင် အပြစ်ကြီးသဖြင့် "လိင် ကျသည်" ဟု ပြောကြ၏။
**“ယင်း ဆယ်ချက်အနက် (မမှန်သော စကားကို ပြောခြင်း) စတုတ္ထအချက်နှင့် ပက်သက်၍
သတိပြုသင့်သည်မှာ ရယ်စရာအဖြစ် ပြောင်လှောင်၍ လိမ်ညာပြောလျှင်ပင် သီလ ပျက်စီး၍
လိင်ကျသည်ဆိုသော အချက်ပင်။”**
ပဉ္စမ အချက်၌ အရက်သေစာမှန်းသိလျက် သောက်မှသာ ရှင်သာမဏေ လိင်ကျ၏။
မသိပဲ သောက်မိလျှင်ကား လိင်မကျပေ။ ရဟန်းတော်များမှာမူ မသိပဲ သောက်မိလျှင်လည်း
အာပတ်သင့်၏။
( ဝိ-ဋ္ဌ ၃၊ ၂၉၈ )
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment