သာသနာတော် ၂၅၀၀ ကျော်တွင် ဘုရားရှင်ပွင့်စဉ်ကအချိန် အတိုင်း ၀ိမုတ္တိယုဂ ခေတ်အခါ ကိုပြန်လည်ရောက်
ရှိလာရာ တရားပွဲများ၊ ဓမ္မစာပေစာအုပ်များ၊ တရားခွေ CD DVDများ၊ အင်တာနက်ပေါ်မှ တရားစာပေများ လှိုင်
လှိုင်ကြီးပေါ်ထွက်လာရာ ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်စွာဝမ်းမြောက်ဖွယ်ဖြစ်ပါတယ်၊
တရားဓမ္မလေ့လာလိုက်စား
သူများ၊ တရားစခန်းဝင် အားထုတ်သူများ တနေ့တခြားတိုးပွားလာနေတာ ၀မ်းမြောက်ဖွယ်တွေ့မြင်နေရပါတယ၊်
သို့သော် ဓမ္မကို ချဉ်းကပ်ပုံတွေကတော့ တဦးနဲ့တဦး မတူကြပါဘူး၊ စာရေးသူ အကြံပေးချင်တာလေး တခုပြော
ပြပါမယ်၊ တရားဓမ္မ လေ့လာ လိုက်စားအားထုတ်တော့မယ်ဆိုတာနဲ့ (ပ) သုံးလုံးကိုအရင်သိဖို့လိုအပ်ပါတယ်
(ပ)သုံးလုံးဆိုတာကတော့ #ပရိယတ္တိ၊ #ပဋိပတ္တိ၊ #ပဋိဝေဓ၊ တို့ ဖြစ်ပါတယ်...၊
အချို့လူတွေက ပရိယတ္တိလို့ဆိုလိုက်တာနဲ့ဘုန်းကြီး တွေ စာသင် စာချတာကိုဘဲ ထင်နေမြင်နေကြပါတယ်၊
အမှန်တော့ ပရိယတ် ဆိုတာလူများနဲ့လည်းသက်ဆိုင်ပါတယ် တရားစာပေများ လေ့လာခြင်း၊တရားနာခြင်း၊
ပဋိစသမုပါဒ် ကဲ့သိုသောတရားများကိုကျက်မှတ်လေ့လာ ခြင်း စသည်တို့ဟာ ပရိယတ် တွေဖြစ်ပါတယ်၊ ဒီ
ပရိယတ်တွေ ကိုမှလေ့လာခြင်း မပြုဘဲနဲ့ အဆင့်ကျော် ပဋိပတ်တွေလုပ် တရားထိုင် အားထုတ်နေတာတွေ
တော်တော်များများ တွေ့နေရပါတယ်၊
(ဒေါက်တာအရှင်ဆေကိန္ဒ ) ဟောထားတဲ့တရား တပုဒ်မှာလည်း တရားအားထုတ်မယ့် ယောဂီဟာ
အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိင်တဲ့
#ယထာဘူတဥာဏ် လောက်ရှိမှ ထိုင်သင့်ပါတယ် တရားထိုင်ပြီး အာနာပါန (meditation)
လုပ်ဝင်လေထွက်လေ လေးရှုမှတ် ပြေးနေတဲ့စိတ်ကလေး တည်ငြိမ်ပြီး သမာဓိလေး တည်လာပြီဆို လွန်စွာငြိမ်း
အေးချမ်းသာမှုအရသာ ကိုအားထုတ်ဘူးသူတိုင်း သိကြပါတယ် ၊
ဒါပေမယ့် ပရိယတ် မလေ့လာဘဲ ထိုင်တဲ့သူတွေမှာ #နိဝရဏ တရားတွေ ၀င်လာနှောက်ယှက်လို့
ပန်းတိုင်ရောက်ဖို့ ခက်ပါတယ်၊ တဖန် #မဂ်တုဆယ်ပါး ထဲမှာ
အာရုဏ် ရောက်ပြီး လမ်းလွဲတွေရောက် အမှားတွေလျှောက်မိလို့ နိဗ္ဗာန်နဲ့ ဝေးသွားသူတွေ အများကြီးတွေ့ဘူး
ပါတယ်၊ မဂ်တုဆိုရာမှာ .....?
(၁) သြဘာသ- ထူးကဲလွန်မြတ် ကြည်လင်တောက်ပသော ၀ိပဿနာအလင်းရောင်၊
နှစ်သက်စရာအာရုံတစ်မျိုးကို မဂ်ဟုထင်တတ်ခြင်း။
(၂) ဥာဏ- ရုပ်နာမ်ဓမ္မ၏ ဖြစ်ပျက်မှုတို့ကို ကျကျနန ကျေကျေနပ်နပ်ပိုင်းခြား၍
ထက်မြက်စူးရှကာတွေ့မြင်ရသော ဥာဏ်အမြင်ကို မဂ်ဟုထင်တတ်ခြင်း။
(၃) ပီတိ- နှစ်သက်စရာ ပီတိမျိုး ၅-ပါးတို့ပေါ်၍ ပေါ်၍လာခြင်းကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၄) ပဿဒ္ဓိ- ၁-တစ်နေ့လုံး တစ်ညလုံးထိုင်နေသော်လည်း ကိုယ်စိတ်တို့ ငြိမ်းချမ်းအေးမြ၍နေခြင်း၊ ၂-
လေးလံထိုင်းမှိုင်းခြင်းကင်း၍ ပေါ့ပါးဖျတ်လတ်ကာနေခြင်း၊ ၃-ကြမ်းတမ်းခက်ထန်ခြင်းကင်း၍နူးညံ့ကာနေခြင်း၊
၎-ညောင်းညာ နာကျင်မှုကင်း၍ သန့်ရှင်းစင်ကြယ်စွာရှိနေခြင်း၊ ၅- ခန့်ညားတည်ကြည်၍နေခြင်း၊ ၆-
အာရုံတစ်ပါးဆီသို့ ကောက်ကွေ့သွားသည်မရှိ ပကတိဖြောင့်မတ်စွာရှိနေခြင်းတို့ကြောင့် သိကြား
နတ်တို့ခံစားရသောသုခထက် ဆထက်လွန်ကျူးအထူးချမ်းသာမှုရှိနေခြင်းကိုပင် မဂ်ဟုထင်တတ်ခြင်း။
(၅) သုခ- ကိုယ်လုံးစိမ့်မျှ ချမ်းသာ၍နေသော သုခတစ်မျိုးကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၆) အဓိမောက္ခ- ကိလေသာကင်းကာ ဘုရား တရား သံဃာ၌ အလွန်ကြည်ညိုယုံကြည်၍လာသော သဒ္ဓါကိုပင်
မဂ်ဟုထင်နေတတ်ခြင်း။
(၇) ပဂ္ဂဟ- ၀ိပဿနာတရား၌ အထူးကြိုးစားမှတ်သားမှုမပြုရတော့ဘဲ သူ့သဘော သူ ဆောင်ယူကာ
ကောင်းစွာချီးပင့်၍နေသော သမ္မာဝါယမမဂ္ဂင်ကိုပင် မဂ်ဟုထင်နေတတ်ခြင်း။
(၈) ဥပဋ္ဌာန- ၀ိပဿနာနှင့်ယှဉ်သည့် အလွန်ခိုင်မတ်သော သတိသည် ရုပ် နာမ်ဓမ္မတို့၌ မမေ့တော့ဘဲ
နှလုံးသွင်းဆင်ခြင်အောက်မေ့တိုင်း ရနေမှုကိုပင် မဂ်ဟုထင်ကာနေတတ်ခြင်း။
(၉) ဥပေက္ခာ- ရုပ်နာမ်ဓမ္မ သင်္ခါရတို့အပေါ်၌ ရှေ့ကကဲ့သို့ ကြောင့်ကြစိုက်ခြင်း
အထောက်အပံ့အကူအညီစသည်တို့မပြုရတော့ဘဲ လျစ်လျူပြုကာ သင်္ခါရအမုတ်တို့၌ အလွန်အားရှိသော
ဥက္ခောဥာဏ်ကိုပင် မဂ်ဟုထင်မှတ်ကာနေခြင်း။
(၁၀) နိကန္တိ- ၀ိပဿနာတရား ပွားများအားထုတ်နေသော ယောဂီသည် ဖေါ်ပြပါ သြကာသစသော
နှစ်သက်တွယ်တာစရာတို့နှင့် ယှဉ်တွဲပေါ်ပေါက်၍လာသော ၀ိပဿနာဓမ္မအပေါ်၌
အာသာရမ္မက်စပ်ယှက်ခင်မင်၍နေသော သိမ်မွေ့ငြိမ်သက်သည့် တဏှာနုကိုပင် ပယ်ဖျောက်ခြင်းငှာ
မတတ်နိုင်ဘဲ မဂ်ဟုအထင်စွဲနေတတ်ပြန်ခြင်းတို့ဖြစ်၏။
ဒီထဲက တခုခု ကိုစွဲလန်းပြီး ငါတော့ တမဂ် တဖိုလ် စွဲပြီဟု အထင်ရောက်သူမျှားပင်တွေ့ဘူးပါတယ်
စွန်းလွန်းဂူ သဲအင်းဂူစသော ဆရာတော်ကြီးများဟာ သမထကမ္မဋ္ဌာန်းကို တောထွက်ပြီး တနေ့ နာရီ ၂၀
ခန့်ပြင်းပြင်းထန်ထန် အားထုတ်ပြီး သမထမှ သမာဓိအဆင့်ဆင့် ထူထောင်ကာ ၀ိပသနာကူးပြီး ရဟန်းကိစ္စ
ပြီးမြောက်ကြပါတယ် ဒါကလည်း လူ တသိန်း မှာ တယောက်လောက်ရှာပါတယ် ကျနော်တို့လို သာမာန်
အိမ်ယာထူထောင် တရားအားထုတ်နေသော နေယျ ပုဂ္ဂိုလ် များ အားထုတ်ရန် မလွယ်ကူသော
သမာဓိထူထောင် အားထုတ်မှုဖြစ်ပါတယ် နောက်တချက် ဒီခေတ်ကြီးမှာ အားထုတ်သော နေယျ ပုဂ္ဂိလ်များဟာ
ရဟန္တာထိ ဖြစ်အောင် အားထုတ်ဖို့မလွယ်ကူပါ အလွန်းဆုံး သောတာပန် သကဒါဂမ် အဆင့်လောက်သာ
မှန်းလို့ရပါတယ် သာမာန်အိမ်ယာ ထူထောင် လူတို့ဘောင်မှာ အားထုတ်လို့ရသော တရားကိုလဲ
ဘုရားရှင်ကိုယ်တ်ာတိုင် ဟောကြားထားတာရှိပါတယ် ။
စာလည်းရှည်နေပြီမို့လို့ အိမ်ယာထူးထောင် လူတို့ဘောင်အတွက် မြတ်စွာဘုရားဟောထားတဲ့ တရားကို
နောက်နေ့ ဆက်တင်ပေးပါ့မယ်...။
ကျန်းမာ၊ ထီပေါက်၊ နိဗ္ဗာန်ရောက်နိင်တဲ့ သူတော်ကောင်းတွေဖြစ်ကြပါစေ..။ သာယာမှုနဲ့ သာသနာပြုနိင်တဲ့
သူတော်ကောင်းတွေ ဖြစ်ကြပါစေ...။
( မူကြိုဆရာ )
No comments:
Post a Comment