မြတ်၏။
၂၈။ ခန္ဓာကိုယ်က မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၂၉။ တရားအရသာကို မခံစားဖူးရင် ကာမကို အထင်ကြီး၏။
၃၀။ အသေကို အရှင်ကကြည့်နေတာ ၀ိပဿနာ။
၃၁။ ဉာဏ်ကမဦးဘဲ အသေကဦးသွားရင် ကိုယ့်အတွက် နစ်နာမည်။
၃၂။ သိမှုမှ ကျင့်မှုသည် အရေးကြီးဆုံး၊ တရားနာရုံနဲ့မပြီး၊ ခန္ဓာဉာဏ်စိုက်ကြည့်မှပြီးမည်။
၃၃။ ကိစ္စဟူသရွေ့သည် မဂ်တား ဖိုလ်တားဟု မှတ်ပါ။
၃၄။ ရက်ရာဇာ ပြဿဒါး ရွေးမနေနဲ့၊ ၀ိပဿနာအားထုတ်တဲ့ အချိန်ဟာ မင်္ဂလာအချိန်။
၃၅။ အသက်ကြီးလေလေ၊ ကံမွဲဉာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီးဘူး၊
ဉာဏ်မွဲရင် နိဗ္ဗာန်နဲ့ လွဲလိမ့်မယ်။
၃၆။ ခန္ဓာနဲ့ငါ မရောစေနဲ့။
၃၇။ ကြားတဲ့တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန်တည်နိုင်သည်။
၃၈။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာထဲ ရှိတဲ့တရား။
{ မြင့်ရွှေ(ပေါင်းတည်) ၏ စူဠသောတာပန်ဖြစ်ခန်းမှ ကောက်နုတ်ရေးသား
ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment