Sunday, June 5, 2016

“အထင်ကြီးခြင်း အထင်သေးခြင်း ”

အထင်ဆိုတာ မသေချာ၊ ခန့်မှန်းမျှသာ။
စိတ်ကဖန်ဆင်းလိုက်တဲ့ အထင်ဆိုတာ တကယ့်အရှိ၊ တကယ်ဖြစ်စဉ်တွေနဲ့ယှဉ်
လိုက်တဲ့အခါ ‘အထင်ကြီးခြင်း၊ အထင်သေးခြင်း’ ဆိုတာတွေ ဖြစ်ပေါ်လာတယ်။


- အထင်ကြီးခြင်းက အားကိုးလိုခြင်း တဏှာလှုံ့ဆော်မှု
- အထင်သေးခြင်းက ဖက်ပြိုင်လိုခြင်း မာနလှုံ့ဆော်မှု
အထင်မကြီးသင့်တာကို သွားပြီးအထင်ကြီးရင်လည်း ကိုယ်ပဲနစ်နာပျက်စီးမယ်၊
အထင်မသေးသင့်တာကို သေးမိရင်လည်း ဆုံးရှုံးနစ်နာစေတတ်တယ်။ အထင်
ကြီးမိတော့ တစ်ဖက်ရဲ့ တင်စီးမှုကို အလိုတူအလိုပါ ဖြစ်နေတော့ မိမိဘဝအကျ
နာတတ်တယ်။ စီးပွားဥစ္စာဆုံးရှုံးသွားတတ်တယ်။ အထင်သေးမိတော့ သူ့ဆီက
ရစရာရှိတာတွေ မရနိုင်တော့ဘူး။ အန်တုဖက်ပြိုင်မိလို့ အထိနာရတာ။
တကယ်တော့ အထင်ကြီးခြင်း၊ အထင်သေးခြင်းဆိုတာ အမှန်တရားရဲ့ ဆန့်ကျင်
ဘက်ကို လွင့်စဉ်သွားစေပြီး မိမိဘဝ မိမိရဲ့ဥစ္စာဓနတို့ကို အန္တရာယ်ဖြစ်စေတတ်
တယ်။
မဟာဗောဓိမြိုင်ဆရာတော်
[၁၉၉၉ ခုနှစ်၊ နတ်တလူတောရ သြဝါဒ]

No comments:

Post a Comment