Tuesday, June 7, 2016

ပြုံးပြုံးလေး သေနိင်အောင်

■ နာထတရား (၁၀)ပါးလုံးနှင့် ပြည့်စုံအောင်
ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို
အပတ်တကုတ် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်သဖြင့်
အောက်ထစ်ဆုံးအားဖြင့်
ယုံမှားမှု ၀ိစိကိစ္ဆာတရားကို အကြွင်းမဲ့ ပယ်ရှားနိုင်သည့်
သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့တိုင်အောင် ,


ထို့ထက်အလွန် ကျင့်နိုင်သဖြင့် • •
သကဒါဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်,
အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့တိုင်အောင်
ဆိုက်ရောက်ပြီးသူတို့ကား • •
ရတနာ သုံးတန်, ကံ-ကံ၏အကျိုးတရား စသည်တို့အပေါ်၌
လုံးဝ သံသယ မရှိဘဲ သေခါနီးကာလ၀ယ်
ပြုံးပြုံးကလေးနှင့် ဘ၀ကို အဆုံးသတ်နိုင်သူတို့ ဖြစ်ကြ၏။
■ မိမိကိုယ်ကို မိမိ
ချစ်မြတ်နိုးသူတိုင်း သနားကြင်နာသူတိုင်းသည်
ဤကဲ့သို့ • •
ပြုံးပြုံးကလေးနှင့် သေနိုင်အောင် စွမ်းဆောင်ပေးနိုင်သည့်
စွမ်းအင် အပြည့်အ၀ရှိသော
နာထတရား (၁၀)ပါးတို့ကို
မအိုမီ မနာမီ မသေမီ (အချိန်မီ • •)
မိမိသန္တာန်၌ပြည့်စုံလာအောင်
ကြိုးစားအားထုတ်ထားသင့်ပေသည်။
¤ ဖားအောက်တောရဆရာတော် ¤

No comments:

Post a Comment