Monday, June 6, 2016

“မေတ္တာလွှမ်းခြုံ ဘေးရန်လုံ”



၁။ ကိုယ့်ကိုကိုယ်ခြောက်၊ အလွန်ကြောက်၊
၂။ သက်မဲ့သက်ရှိ၊ နှောင့်ယှက်ဘိ၊
မှတ်သိကြောက်စရာ။
၃။ စည်းကမ်းဖေါက်က၊ ပြစ်ဒဏ်ရ၊
မှတ်ကြကြောက်စရာ။
၎။ တရားမကြွယ်၊ အထုပ်ငယ်၊
အပါယ်ခြောက်တဲ့ ကြောက်စရာ။

၅။ အို နာ သေမှု၊ ဆင်းရဲစု၊
မှတ်ရှုကြောက်စရာ။
၆။ ကြောက်လန့်စဘွယ်၊ အန္တရာယ်၊
၅-သွယ်ရှိသည်သာ။
၇။ သတိရှိသူ၊ ဉာဏ်ကိုကူ၊
အပူဘေးရန်ကင်းလွတ်ပါ။
၈။ သက်ရှိဘေးရန်၊ ပပျောက်ရန်၊
ဧကန်မေတ္တာပွားရမှာ။
၉။ မေတ္တာလွှမ်းခြုံ၊ ဘေးရန်လုံ၊
အကုန်စိတ်ချမ်းသာ။
မိမိတို့နေထိုင်ရာလောကဆိုတာ ဘေးရန်ကို ဖန်တီးပေးတတ်တဲ့ အဝိဇ္ဖာ တ
ဏှာ ဦးဆောင်နေတာဆိုတော့ ကြောက်စရာဘေးရန် အလွန်ပေါပါတယ်။ လူ့
လောကမှာ တွေ့ကြုံနေရတဲ့ ကြောက်စရာဘေးရန်တွေက တူရာတူရာပေါင်း
လိုက်ရင် ၅-မျိုးရှိပါတယ်။ ၅-မျိုးဆိုတာ
(၁) ကိုယ့်ဟာကိုယ် အခြောက်ခံရတဲ့ ကြောက်စရာ၊ အဝိဇ္ဖာဦးစီးတဲ့ ကိလေ
သာအပူ အရှုပ်တွေကြောင့် မလုပ်သင့်တာလုပ်မိ လုပ်သင့်တာမလုပ်မိတော့
ကိုယ့်ဟာကိုယ်မကျေနပ်လို့ စွပ်စွဲခြိမ်းခြောက်ခံရတယ်။ ချွတ်ချော်တဲ့အတိတ်
ဟာ ပစ္စုပ္ပန်တိုင်း လိုက်ခြောက်တယ်။ မသေချာတဲ့ပစ္စုပ္ပန်လဲ အနာဂတ်ကို
လှမ်းခြောက်တာပဲ။ ကိုယ့်အကြောင်းကိုယ် သိထားတာဖြစ်လို့ ကိုယ့်ဟာကိုယ်
အခြောက်ခံရတာက သူများခြောက်တာထက်ပိုပြီး ကြောက်လန့်တုန်လှုပ် ပူ
လောင်ရတတ်ပါတယ်။
(၂) အပြင်က သက်မဲ့သက်ရှိတွေ အခြောက်ခံရတဲ့ ကြောက်စရာက ၁-မျိုး၊
ကိုယ့်မှာ သတိ မေတ္တာကိုယ်ခံအားနည်းရင် နည်းသလောက် သက်မဲ့သက်ရှိ
အနှောင့်အယှက်မျိုးစုံတွေရဲ့ မထီမဲ့မြင်ပြုတာ ခြောက်လှန့်တာခံနေရပါတယ်။
ကိုယ့်ကိုနှောင့်ယှက် ဖျက်ဆီးပစ်မယ့် ဘေးရန်တွေက နီးနီးလေး မှာလဲရှိတယ်။
အဝေးမှာလဲ အများကြီးပဲ။
(၃) သတ်မှတ်ထားတဲ့ စည်းကမ်းဖောက်မိလို့ အပြစ်ပေးအရေးယူခံရတဲ့ကြောက်
စရာက ၁-မျိုး၊ နာမလည်မှုတွေ, သတိအားနည်မှုတွေ, စိတ်မနိုင်မှုတွေ, မပြတ်
သားမှုတွေ, ကြောင့် နေရာအသီးသီးမှာ သတ်မှတ်ဘောင်ခတ်ထားတဲ့ စည်း
ကမ်းများကို ဖောက်ဖျက် ကျူးလါန်မိရင် အပြစ်ပေးအရေးယူတာ ခံရတတ်တယ်။
တကယ်ကြုံလာရင် တကယ်ပဲ ကြောက်စရာကောင်းတာပါ။
(၄) တရားမလုံလောက်လို့ အပါယ်ဘေး ခြိမ်းခြောက်ခံရတဲ့ ကြောက်စရာက ၁-
မျိုးပါ။ မျက်မှောက်လူ့ဘဝမှာ စည်းကမ်းဖောက်ဖျက် သူကိုအပြစ်ပေးဖို့ အကျဉ်း
ထောင်ဆိုတာ ရှိနေရသလိုပဲ သံသရာမှာလဲ တရားမလုံလောက်သူကို အပြစ်
ပေးဖို့ အပါယ်ဘုံဆိုတာ ရှိနေပါတယ်။ ကောင်းမှုတရားဆိုတာ လူ့ဘဝရဲ့ အနှစ်
ချုပ်ပဲ။ လူ့ရဲ့ပဓာနစွမ်းအားလဲဖြစ်ပါတယ်။ ကောင်းမှုတရားကိုမှ ရအောင်မယူနိုင်
ရင် လူ့ဘဝဟာ ဘာမှအဓိပ္ပါယ်မရှိပါဘူး။ ရှိသင့်တာမရှိလို့ မရှိသင့်တာရှိနေရင် အ
ချိန်တိုင်း အပါယ်ဘေးခြိမ်းခြောက်တာခံနေရမှာပါ။ ဆင်းရဲပမာဏ အချိန်အကန့်
အသတ် ဘာတစ်ခုမှ ခန့်မှန်းလို့မရတဲ့နေရာကို သွားရမှာဆိုတော့ တွေးကြည့်
ရင် ကြောက်စရာကြီးပဲ။
(၅) အို နာ သေ သခါင်္ရ ဆင်းရဲဘေး ခြိမ်းခြောက်ခံရတဲ့ ကြောက်စရာက ၁-မျိုး၊
ခန္ဓာရှိနေသမျှ ဘယ်သူမှရှောင်လို့မရနိုင်တဲ့ ကြောက်စရာမျိုးပေါ့။ ဘဝ ၁-ခု
ရောက်လာပြီ ဆိုကတည်းက အမြဲခြိမ်းခြောက်နေကြတော့တာပါ။ အဲဒီလို ၅-မျိုး
ရှိတယ်။
သတိဉာဏ်ရှိလို့ ကောင်းမှုပြည့်စုံအောင် ကြိုးစားနေသူမှာ ကိုယ့်ဟာကိုယ်လဲ
အခြောက် မခံရဘူး။ ကိုယ့်ဟာကိုယ်အကွက်စေ့အောင် ကျေနပ်လောက်အောင်
ဖြည့်ကျင့်ထားသူဟာ ဘာကြောက်စရာလိုသေးသလဲ။ အမြဲရွှင်လမ်း အားတက်
နေမှာပေါ့။ သတိဉာဏ်ရှိရင် သက်မဲ့အနှောင့်အယှက်လဲ ကင်းဝေးသွားမယ်။
သက်ရှိအနှောင့်အယှက်ကင်းဖို့ကျတော့ မေတ္တာပါ လွှမ်းခြုံပေးရဦးမယ်။ သတိ
ဉာဏ် ရှိနေမှတော့ စည်းကမ်းဖေါက်မှာလဲမဟုတ်လို့ ပြစ်ဒဏ်ကြောက်စရာလဲ
ကင်းရတော့မှာပေါ့။ အပါယ်ဘေးဆိုတာလဲ ကင်းဝေးရမှာ သေချာပေါက်ပါ။
သတိဉာဏ်ကြီးမားသူအတွက် အို နာ သေ သခါင်္ရဘေးတွေဟာ လောလော
ဆယ် လွတ်မြောက်သွားတာ မဟုတ်ပေမယ့် ကြောက်နေရမယ့် ဘေးရန်တွေမ
ဟုတ်တော့ပဲ ခန္ဓာကိုအမြန်အသုံးချဖို့ တွန်းအားများသာဖြစ် သွားရပါတယ်။
ရှောင်လွှဲပစ်လို့မှမရတော့ ရဲအောင် ကြိုးစားထားရုံပေါ့။ တစ်စတစ်စ နည်းသွား
အောင်လဲ သတိထားကြိုးစားရမှာပဲ။ နောက်ဆုံးတော့ လုံးဝရပ်စဲသွားအောင်
သာသနာနဲ့တွေ့တုန်း အစွမ်းကုန်အားခဲထားရမှာ ဖြစ်တယ်။
တကယ်တာ့ မေတ္တာလွှမ်းခြုံနိုင်ရင် မေတ္တာလို့ပြောရင် သတိလဲမကင်းနိုင်တာဖြစ်
လို့ သတိကောင်းရင် အဆိုးနည်း အကောင်း များတတ်တာကြောင့် ဘေးရန်အား
လုံး လုံခြုံနိုင်ပါတယ်။ ပြီးတော့ မေတ္တာဆိုတာ ကိုယ့်ကိုသာ ဘေးရန်လုံစေတာ မ
ဟုတ်ဘူး. သူများတွေကိုပါ ဘေးရန်လုံအောင် စွမ်းဆောင်းပေးနိုင်ပါတယ်။ သတိ
က ကိုယ့်ကိုစောင့်ရှောက်ရင်း သူ့ကိုပါစောင့်ရှောက်ပေးတယ်။ မေတ္တာက သူ့ကို
စောင့်ရှောက်ရင်း ကိုယ့်ကိုပါ စောင့်ရှောက်ပေးတယ်။ ဒီတော့လုံးခြုံရောပေါ့။
မေတ္တာလွှမ်းခြုံတတ်ရင် ခန္တီ ကရုဏာ မုဒိတာ တို့လဲ အကျုံးဝင်သွားတတယ်။ သူ
တော်ကောင်း လမ်းစဉ် ၄-ချက်ပါပဲ။
တိပိဋက ယောဆရာတော်
[ခန္ဓသုတ်]

No comments:

Post a Comment