ဒါနပြုရာဝယ် တချို့မှာကား လှူရတာများလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း
သိပ်ကြီးဝမ်းမမြောက်လှ၊ စေတနာလည်း သိပ်ကြီးမထက်လှ၊ အမှတ်တမဲ့ပင် လှူလိုက်ကြ၏။ ထို
သူတို့ အတွက်မှာ လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာထက်သန် ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။
ဒုဌဂါမဏိ အဘယမင်းသည် စုတေခါနီး၌ မဟာစေတီတော်ကြီးကို တည်ရသော ဒါနမှုထက်
စစ်ရှုံးစဉ်က တောထဲ၌ ဆွမ်းတနပ်စာ လှူခဲ့ဖူးသော ကုသိုလ်ကို သာ၍ ၀မ်းမြောက်ရကား ထို
ဆွမ်းကုသိုလ်ကြောင့်ပင် တုသိတာ နတ်ပြည်သို့ ရောက်ရလေသည်။ အချုပ်မှာ အလှူဝတ္ထုထက်
စေတနာ ထက်သန်မှုက သာ၍ အရေးကြီးကြောင်း သတိပြုကြရပါမည်။ ။
{အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
အဘိဓမ္မာမှ ကောက်နုတ်ရေးသားပါသည်။ ။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment