၁။ မြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ရဟန်းတော်များ ၀ါတွင်းသုံးလ ၀ါဆိုဝါကပ်
တော် မူသည်ကို အကြောင်းပြု၍ ၀ါဆိုလဟုမည်တွင်သည်။
၂။ သက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့် စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏ
သီပြည် မိဂဒါဝုန် တောဝယ် ပဉ္စ၀ဂ္ဂီ ငါးဦးအား ဓမ္မစကြာတရားတော်ကို ဟောကြား
ခဲ့သဖြင့် ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ်သည်။
ဝါဆိုဝါလ ၀ိသေသ
ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရား အလောင်းတော် သန္ဓေယူတော်မူသည်။ ထို
နေ့မှာပင် တောထွက်တော်မူသည့်အပြင်ဘုရာ
တရားဦးဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်။ ထို့ကြောင့် " သန္ဓေ ၊
တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လ၀ါဆို " ဟူ၍ ဆိုစမှတ်ပြုခြင်းဖြစ်သည်။
ရဟန်းတော်များ ၀ါဆိုတော်မူခြင်း
ဝါတွင်းကာလ၌ ရဟန်းတော်များဝါဆိုကြခြင်းမ
သည်။ မြတ်စွာဘုရား ပညတ်တော် မမူစဉ်က ရဟန်းတော်များ ၀ါဆိုဝါကပ်ခြင်းမပြုကြ
ပေ။
မြတ်စွာဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ်
သာကီဝင်အနွယ်များ ဖြစ်ကြသော ရဟန်းတော်များသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး
လုံးခရီးလှည့်လည် သွားလာနေကြသည်။ မိုးဥတု၌တစ်ရပ်မှတစ်ရပ်သို့
လည်ခြင်းပြုကြရာ ပြည်သူတို့စိုက်ပျိုးထားသော
နင်းနယ်သဖြင့် ပျက်စီးလေသည်။ ထိုအခါ ပြည်သူများက " မိုးတွင်းကာလတွင် အယူ
လွဲမှား မိစ္ဆာ ဒိဋ္ဌိများပင် ခရီးသွားလာခြင်း မပြုကြ။ တိရစ္ဆာန် ငှက်များသည်ပင်လျှင် အ
သိုက်ပြောင်းခြင်း မပြုကြ။ ကျွန်ုပ်တို့ ကိုးကွယ်သော သာကီ နွယ်ဖွား ရဟန်းတော်များ
ကား အများ ပြည်သူတို့ စိုက်ပျိုးထားသည့် ကောက်ပဲ သီးနှံများကို နင်းနယ် ဖျက်ဆီး
လျှက် နွေ မိုးမရှောင် ခရီးသွားကြလေသည်တကား " စသည်အားဖြင့် အပြစ်တင်ကြ
လေသည်။
ဤအကြောင်းကို မြတ်စွာဘုရားရှင် ကြားသိတော်မူသောအခါ ရဟန်းတော်များ
အား ၀ါတွင်းသုံးလ ကာလပတ်လုံး မိမိတို့၏ကျောင်းတိုက် အ၀န်းအ၀ိုင်းအတွင်း၌သာ
ဝါဆို ၀ါကပ်ခြင်းပြု၍ ရဟန်းတရားကို အားထုတ်နေကြရန်၊ ၀ါကျိုး ၀ါပြတ် ၀ါမကပ်ဘဲ
ညဥ့်အိပ် ညနေ ခရီးသွားသော ရဟန်းများအား ဒုက္ကဋ်အာပတ်သင့်စေရန် အာဏာဓမ္မ
စက် သိက္ခာပုဒ် ပညတ် တော်မူခဲ့သည်။ ထိုသည်မှစ၍ ရဟန်းတော်များသည် ၀ါဆိုလ
ပြည့်ကျော် တစ်ရက်နေ့တွင် ၀ါဆိုခြင်း ပြုသည်။ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံး
ကျွတ်လွတ် လေသည် ။ ၀ါဆို ၀ါကပ်ခြင်း သဘောမှာ သတ်မှတ်ထားသော မိမိတို့ ၏
ကျောင်းတိုက် အဆောက်အဦ အရံအတားမှ အရပ်တစ်ပါးသို့ ညဥ့်အိပ်ညနေမသွားပါ
ဟုကတိပြု ကြခြင်းပင် ဖြစ်သည်။ ၀ါဆိုအတွင်း ၀ါပန်၍ ညဥ့်အိပ်ညဥ့်နေ ( ၇ ) ရက်မှ
ကျော်၍ မသွားနိုင်ပေ။
ဓမ္မစကြာအခါတော်နေ့
မြတ်စွာဘုရားအလောင်းတော်သည်
တောထွက်တော်မူသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးခြံရံကာ တရားကျင့်တော်မူသည်။ ဒုက္ကရစရိယာ
ခြောက်နှစ် တိုင်တိုင် ကျင့်တော်မူသော်လည်း ဘုရားမဖြစ်ပေ ။ ထို့ကြောင့် မိမိ တစ်ပါး
တည်းလမ်းခွဲကာ တရားဖြည့် ကျင့်တော်မူ၏။သဗ္ဗညုတ ရွှေဥာဏ်တော်ကိုရရှိ၍ ဘုရား
ဖြစ်တော်မူ သောအခါ " ငါဘုရား သိပြီးသော သစ္စာလေးပါး တရားတော်သည် နူးညံ့
သိမ်မွေ့ နက်နဲလွန်းသည်။ သတ္တ၀ါတို့၏ သဏ္ဍန်ကား လောဘ ဒေါသ မောဟ၊ မာန်မာ
န ထူပြောလှသည်။ ဤသတ္တ၀ါစုကို ငါဘုရား တရားဟော သော်လည်း အချည်းနှီးသာ
ဖြစ်လိမ့်မည်။ တရားမဟောဘဲ ဆိတ်ဆိတ်နေတော့မည်" ဟုကြံရွယ်တော်မူလေသည်။
ရွှေစိတ်တော် ရွှင်ပြခြင်းမရှိ ၊ ဆုတ်နစ်တော် မူလေသည်။ ဤအကြောင်းကို သဟံပတိ
ဗြဟ္မာမင်းက သိရှိသဖြင့် ဗြဟ္မာ့ပြည်မှ ဆင်းလတ်၍ ဘုရားရှင်ထံ ခစားသည်။
သဟံပတိ ဗြဟ္မာမင်းသည် ဘုရားရှင်အား " အရှင်ဘုရား ၊ သတ္တ၀ါများကို ငဲ့ညှာ
သောအားဖြင့် အရှင်ဘုရား ပိုင်းခြားထင်ထင် သိမြင်တော်မူသော တရားတော်ကို ဟော
တော်မူပါဘုရား " ဟူ၍ ( နဿ တိဝတတော လောကော ) ဟူသောဂါထာကို သုံးကြိမ်
ရွတ်၍ လျှောက်ထားသည်။ လောက၌ အရှင်ဘုရား၏ တရားတော်တို့ကို နာယူထိုက်သူ
ပေါင်းများစွာ ကျန်ရှိပါသေးသည် ဟု လျှောက်ထားလေသည်။ ဤတွင်မှ မြတ်စွာဘုရား
လည်း တရားဟောတော့အံ့ဟု ကတိပြုလေသည်။
မြတ်စွာဘုရားသည် သစ္စာလေးပါး တရားထူး တရားဦးကို ဟောတော်မူရန် ဗုဒ္ဓဂါ
ယာ ဗောဓိမဏ္ဍိုင်မှ ပဉ္စ၀ဂ္ဂီ ငါးဦးရှိရာ မိဂဒါဝုန်တောသို့ ကြွတော်မူ လေသည်။ ခရီးလမ်း
တွင် ဥပက အမည်ရှိသော တကာတစ်ဦးနှင့်တွေ့သည်။ ဥပကမှာ ဘုရားရှင်၏ တရားကို
နာကြားထိုက်သူမဟုတ်သဖြင့် ဘုရားရှင်ကို ရှေးဦးစွာဖူးမြင်ရပါလျှက် " ငါ့ရှင်အဘယ်သူ
နည်း၊ အဘယ်ကိုရည်၍ ရဟန်းပြုပါသနည်း " စသည်ဖြင့် မေးမြန်းစုံစမ်းခြင်းသာ ပြုလေ
၏။
မိဂဒါဝုန်တောသို့ ရောက်တော်မူသောအခါ ပဉ္စ၀ဂ္ဂီ ငါးဦးကို အမှူးထားလျှက် မရေ
မတွက်နိုင်သော နတ်ဗြဟ္မာတို့အား ဓမ္မစကြာ တရားဦးကို ဟောကြားတော် မူလေသည်။
မြတ်စွာဘုရားရှင်သည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်မျှသော တရားတော်များ
ကို ဟောကြားခဲ့ရာ ဤဓမ္မစကြာတရားတော်သည် ရှေးဦးပထမ ဟောကြားတော်မူသော
တရားတော်ဖြစ်၍ အလွန်ထူးမြတ်သော တရားတော်ဖြစ်လေသည်။
ဓမ္မစကြာမှာ- ဓမ္မစက္ကပ၀တ္တန ဟူသောပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး
ဓမ္မ - သစ္စာလေးပါးအမှန်တရား
စက္က - အဖန်ဖန်အထပ်ထပ် လှည့်တတ်သောစက်
ပ၀တ္တန- ဖြစ်ခြင်း ....အနက်ရှိသဖြင့် "သစ္စာလေးပါးအမှန်တရားကို စက်လှည့်၍
အဖန်ဖန်အထပ်ထပ် ဟောတော်မူခြင်း " ဟု အဓိပ္ပါယ်ရလေသည်။
မြတ်စွာဘုရား၏ ဓမ္မစကြာတရားတော်ကို နာကြားရသဖြင့် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဓိယ
မဟာနံ၊ အဿဇိ တည်းဟူသော ပဉ္စ၀ဂ္ဂီ ငါးဦးနှင့်တကွများစွာသော နတ်ဗြဟ္မာတို့အကျွတ်
တရား ရရှိကြသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးလည်း မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကိုပြုခွင့် ပန်
ကြ၏။ မြတ်စွာဘုရား ခွင့်ပြုသဖြင့် ဧဟိဘိက္ခု ရဟန်း အဖြစ်ကို ရရှိကြသည်။ ဧဟိဘိက္ခု
ရဟန်း ဆိုသည်မှာ ဘုရားရှင်က ရဟန်းဖြစ်စေဟု မိန့်တော်မူသဖြင့် ပရိက္ခရာ အစုံအလင်
ဖြင့် ချက်ချင်းရဟန်းအဖြစ်ကို ရခြင်းပင်ဖြစ်သည်။
ဤသို့ ပဉ္စ၀ဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစကြာတရားဦးကို ဟောကြားခြင်း၊ ပဉ္စ၀ဂ္ဂီ
ငါးဦးအား ဧဟိဘိက္ခုရဟန်းအဖြစ်သို့ ခေါ်ဆောင်တော်မူခြင်းမှာ ဤ၀ါဆိုလပြည့်နေ့ပင်ဖြစ်
၍ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်အဖြစ်ဖြင့် သတ်မှတ်ကြခြင်း ဖြစ်သည်။ ၀ါဆိုလ
တွင် ပဉ္ဇင်းခံရှင်ပြုခြင်းကို ရှေးအခါက ပြုခဲ့ကြခြင်းဖြစ်သည်။
မြန်မာ့ ရေး ရာ သု တ ပ ဒေ သာ မှ ကောက် နှုတ် တင် ပြ ပါ သည်
No comments:
Post a Comment