==============================
ဝိုင်ကိုသောက်ရင်ရောသီလပျက်ပါသလားဘုရား အရှင်ဘုရား တပည့်တော်မကိုမေးလျှောက်ခွင့်ပြုပါဘုရား.. အခုခေတ်မှာ ၅ပါးသီလလုံး လုံခြုံဖို့ ကအရမ်းခက်ပါတယ်.. တပည့်တော်မတို့ဘာလို့ သီလစောင့်သင့်သလဲ..သီလ ကိုဘုရားဆီမှတောင်းမှရမလား..မတောင်းဘဲနဲ့ရှောင်ရင်ရောသီလစောင့်သလိုဖြစ်ပါသလားဘုရား ..သီလပျက်ပြီးရင်ဘယ်လိုပြန်လုပ်ရမလဲ..အခု တချို့ပိုးမွှားတွေကိုသတ်ရင်ရောသီ လပျက်ပါသလား ဘုရား.. ၀ိုင်ဆိုတဲ့ အရက်တစ်မျိုးက နည်းနည်းသောက်ရင်မိန်းကလေးတွေအတွက်အရမ်း ကောင်းပါတယ်..၀ိုင်ကိုသောက်ရင်ရောသီလပျက်ပါသလားဘုရား..အလုပ်မှာ တစ်ခါတစ်လေ အလုပ်သဘောအရ အရက်မသောက်ချင်ဘဲသောက်ရတာလဲရှိပါတယ်..တပည့်တော်မ အတတ်နိုင်ဆုံးသီလစောင့်ထိန်းချင်ပါတယ်ဘုရားတပည့်တော်မကိုအကောင်းဆုံးနည်းလမ်းညွှန်ပြပေးတော်မှုပါဘုရား တပည့်တော်မ သူငယ်ချင်းတွေကလည်းဒီအဖြေကိုသိချင်ကြတဲ့အတွက် အချိန်ရရင်ဖြေပေးစေလိုပါတယ်ဘုရား
ကျေးဇူးတင်ပါတယ်ဘုရား
Gloria Huang
မေးထားတဲ့ မေးခွန်းတွေထဲက ပထမဆုံးမေးခွန်းကို ဖြေရမယ်ဆိုရင် သီလဘာလို့ စောင့်ရသလဲဆိုရင် ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားရှိအောင်လို့ သီလစောင့်ရတာပါလို့ ဖြေရမှာပါ၊ ဒီထက် စာဆန်ဆန် ပေဆန်ဆန်ဖြေပြရရင် ကိုယ့်လိပ်ပြာကို ကိုယ်လုံပြီး ကိုယ့်ကိုယ်ယုံကြည်သူ တစ်ယောက်ဖြစ်ဖို့ သီလ စောင့်ရတာပါလို့ ထပ်ဆင့်ပြေရပါမယ်၊ သီလတောင်းတယ်ဆိုတာ ဘုရားထံမှာလဲ တောင်းလို့ရပါတယ်၊ ဒါမှမဟုတ် ဘုန်းကြီးတိုက်တို့ ဓမ္မာရုံတို့မှာသွားပြီိး ဆရာတော်သံဃာတော်တွေဆီကလဲ သီလခံယူလို့ရပါတယ်။ ကိုယ်ကိုယ်တိုင် ဘုရားထံမှာသီလခံလို့ရပေမယ့် မိမိလေးစားတဲ့ ဆရာတော် သံဃာတော်တွေထံက သီလခံယူတာက ပိုပြီးလေးစားလိုက်နာ စောင့်ထိန်းဖြစ်ပါတယ်လို့ ရှေးဆရာအစဉ်အဆက်ဆိုရိုးရှိခဲ့ပါတယ်၊ သီလပျက်သွားရင် တစ်ခါ ပြန်ပြီသီလမပျက်အောင်ထပ်ပြီး ခံယူလို့ရပါတယ်၊ ဒါပေမယ့် ခဏခဏ ပြဲသွားတိုင်း ပေါက်သွားတိုင်း ချုပ်ချုပ်ပြီး ပြန်ဝတ်တဲ့ အ၀တ်အစား လုံချည်းများဟာ အပေါက်အပြဲတွေနဲ့ဆို ကြည့်မကောင်းတတ်ပါဘူး၊ လူလည်ခေါင်မှာ ၀တ်လို့ အဆင်မပြေတတ်ပါဘူး၊ သီလဆိုတာလဲ ဒီသဘောတရားပါပဲ ခဏခဏ ကိုယ်ကျင့်တရားဖောက်ပြားတဲ့သူကို လူမှုအသိုင်းအ ၀ိုင်းက ယုံကြည်မှုမရှိတော့ပါဘူး၊ ဒါကြောင့် တတ်နိုင်သမျှသီလစောင့်ရတာပါ၊ ပိုးမွှားတွေသတ်တာက သီလပျက်ပါတယ်၊ ဒါပေမယ့် ကံမြောက်မှုကတော့ ကိုယ်သတ်လိုက် တဲ့ သတ္တ၀ါအကြီးအသေးအပေါ်မှာ မူတည်ပြီး ကွဲပြားပါတယ်။ ဆင်သတ်တာနဲ့ ခြင်သတ်တာ ကွဲပြား ပါတယ်။ ခြင်းကအကောင်သေးတော့ ဖျမ်းဆို တစ်ခါတည်းသေလို့ ကံမြောက်မှုနည်းပါတယ်။ ဆင်ကြ တော့ အကောင်ကြီးတော့ သတ်ဖို့ အများကြီး အားစိုက်ရပါတယ်၊ ဒါကြောင့် အကုသိုလ်ကံအများကြီး ရပါတယ်။ ၀ိုင်ဆိုတာကလဲ မူးယစ်စေတတ်တဲ့ အရက်သေစာစာရင်းထဲမှာ ပါတာမို့ သီလပျက်နိုင်ပါတယ်၊ တစ်ခါတလေ လူမှုရေးအရ အပေါင်းအသင်းအရသောက်ရရင်လဲ အတတ်နိုင်ဆုံး သီလမပျက်အောင် မသောက်ပဲနေတာက အကောင်းဆုံးပါ၊ ဒီနေရာမှာ ထင်ရှားအောင်ပြောပြရရင် မြွေးပွေးကို မြက်လျှော လေးထင်ပြီး ကိုင်ရင်လဲ မြွေးပွေးက မြွေးပွေး အဆိပ်နဲ့ ကိုက်လိုက်မှာပါ၊ မြက်လျှောဆိုတဲ့ အဆိပ်နဲ့ ကိုက်မှာ မဟုတ်ပါဘူး၊ အရက်သေစာဆိုတာလဲ ဒီသဘောပါပဲ သောက်ရင်မူးမယ်၊ မူးရင် မကောင်း မှုတွေ မကောင်းတာတွေ လုပ်ဖို့ တွန်းအားပေးတဲ့ စိတ်ဆီကို အနဲနဲ့အများရောက်လာမှာပါ၊
(၁) သူတစ်ပါး အသက်သတ်တာ၊
(၂) သူတစ်ပါး ပစ္စည်းဥစ္စာခိုးတာ
(၃) သူတစ်ပါး သားမယားစော်ကားတာ
(၄) လိမ်ပြောတာ ဒီလေးချက်ဟာ ကိုယ်ကိုယ် တခြားသူက အဲဒီလို လုပ်ရင်လဲ မကြိုက်ပါဘူး ၊ ဒါကြောင့် ကိုယ်ကလဲ သူတစ်ပါးအပေါ်မှာ အဲဒီးလေးချက်ကို မပြောမိအောင် မလုပ်မိအောင် ကြိုးစားစောင့်ထိန်းရမှာပါ၊ ဒီလေး ပါးကို စောင့်ထိန်းတယ်ဆိုတာ ကိုယ်ချင်းစာတတ်အောင်ပါ၊ နောက်တစ်ခါ တစ်ဦးအပေါ် တစ်ဦး မေတ္တာစိတ်ထားဖြစ်အောင်လို့ပါ၊ နောက်ဆုံး
(၅) ခုမြောက် အရက်သောက်တာ၊ မူးယဇ်စေတတ်တဲ့ အရာတွေကို မှီဝဲတာဟာ လူမှာ ပင်ကိုယ်စိတ်ရင်းပျောက်ဆုံးပြီး အထက်ကပြောခဲ့တဲ့ အချက်လေးချက် သီလလေးပါးကို လွယ်လွယ်လေး လုပ်တတ်လို့ လွန်ကျူးတတ်လို့ပါ၊ ဒါကြောင့် အရေးအကြီးဆုံးဖြစ်တဲ့ အရက်သေစာ မူးယဇ်စေတတ်တဲ့ အရာတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပါလို့ ဖြေကြားလိုက်ပါတယ်၊ အောက်မှာရေးပြထားတဲ့ ငါးပါးသီလရဲ့ အကျိုးနဲ့ အပြစ်လေးတွေကို လဲ ထပ်ပြီး မှတ်မိအောင် ဖတ်ကြည့်စေချင်ပါတယ်-------------------
ရွှေမန်းသား အရွင္အကုၤရ
MS
No comments:
Post a Comment