Wednesday, July 20, 2016

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာမသိတဲ့အလှူ။

         သားကလေးကြီးလို့ ရှင်ပြုချင်၊ သမီးကလေး နားသချင်တော့ မိဘတွေက တိုင်ပင်ကြ
တယ်။ “တို့ကလေးတွေလည်း အရွယ်ရောက်ကုန်ကြပြီ၊ တဘ၀ တစ်နပ်စာနဲ့လည်း မပြီးသေး
ဘူး။ ကုသိုလ်ကလေးဘာလေးလုပ်ပြီး နောက်ဘ၀ ချမ်းသာရေး လုပ်ကြဦးစို့ကွယ်” ဆိုပြီး

မဏ္ဍပ်ထိုးကာ အလှူလုပ်ကြတယ်။ ဒီဘ၀ထက် နောက်ဘ၀ ချမ်းသာချင်တာကိုး၊ နောက်ဘဝ
ဒုက္ခသစ္စာလို့ သိရဲ့လား ?။ နောက်ဘ၀ နတ်သားဖြစ်မယ်၊ နတ်သမီးဖြစ်မယ် နတ်ပြည်သွား
ချင်တာပဲ သိတယ်။ ဒါကြောင့် နတ်ပြည်ကို ခုန်ချလိုက်တာပဲ။ (သိလို့လား.. မသိလို့လား..)
ဒါဖြင့် အ၀ိဇ္ဖာပစ္စယာ ပုညာဘိသင်္ခါရဆိုတာပေါ့ မသိလို့ခုန်ချတာ နတ်ပြည်ရောက်သွားတယ်။
         နတ်ပြည်မှာကော အိုပွဲ၊ နာပွဲ၊ သေပွဲတွေခင်းရပါတယ်။ ဘာကြောင့်အိုပွဲ၊ နာပွဲ၊ သေပွဲ
ရှိတာ ခုန်ချပါလိမ့်ဆိုတော့ သစ္စာမသိတဲ့ အ၀ိဇ္ဖာက အုပ်ချုပ်တာနဲ့ ကုသိုလ်လုပ်ပြီးခုန်ချလိုက်
တာ နတ်ပြည်ရောက်လည်း ဒုက္ခသစ္စာပဲ၊ ဗြဟ္မာပြည်ရောက်လည်း ဒုက္ခသစ္စာပဲ။ ဒါကြောင့်
ငွေကုန်လူပန်းဖြစ်ရတာပေါ့၊ ငွေကုန်ရင်တော့ လူချမ်းသာမှ ကောင်းမှာပေါ့၊ သစ္စာမသိတဲ့
ပုဂ္ဂိုလ်များ လှူကြဒါန်းကြ ပေးကြကမ်းကြတာဖြင့် နောက်ဘ၀ဒုက္ခသစ္စာရလို့ ပန်းရပြန်တယ်။
မနစ်နာဘူးလား ?။ နိဗ္ဗာန်မရမီစပ်ကြား အစုန်အဆန်သေကြရဦးမှာ သစ္စာမသိတဲ့ဒဏ်ချက်
လောက် ပြင်းထန်တာရှိသေးရဲ့လား ?။ ဒကာ ဒကာမတွေ ဘာလေးလှူလှူ သစ္စာသိပြီးမှ
လှူကြပါ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ သစ္စာလေးပါးတရားတော်နှင့် ငါသေရင် သပိတ်မသွတ်နဲ့မှ
  ကူးယူရေးသား ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
        

No comments:

Post a Comment