Saturday, August 13, 2016

ဗုဒ္ဓဘာသာဝင်မှန်လျှင်ယုံကြည်ရမည့်(၁၀)ချက်

သမ္မာဒိဋ္ဌိ (အမြင်မှန်) ၁၀-ချက်-

၁။ အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း။
၂။ ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း။
၃။ လက်ဆောင်ပေးကမ်းပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း။
၎။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုး ဆိုးကျိုး အကျိုးရင်း
အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း။
၅။ မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုး ရှိကြောင်း ယုံကြည်ခြင်း။
၆။ ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုး ရှိကြောင်း ယုံကြည်ခြင်း။
၇။ လူတို့မမြင်နိုင်သည့် ငရဲ ပြိတ္တာ နတ် သိကြား ဗြဟ္မာဟူသော သတ္တ၀ါတို့
ရှိကြောင်း ယုံကြည်ခြင်း။
၈။ ဤမျက်မှောက်လောကရှိကြောင်း ယုံကြည်ခြင်း။
၉။ သေပြီးနောက်ဘ၀ တမလွန်လောကရှိကြောင်း ယုံကြည်ခြင်း။
၁၀။ ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြသော သမဏ ဗြာဟ္မဏတို့ ရှိကြကြောင်း၊
ယင်းတို့က ဤလောက တမလွန်လောကကို ကိုယ်တိုင်သိမြင်၍ လူများကို ပြန်လည်ဟောပြကြကြောင်း ယုံကြည်ခြင်း။

ဤဆယ်ချက်ကို ယုံကြည်ခြင်းသည် မှန်ကန်သော ယုံကြည်ခြင်း၊
ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် သံသယကင်းစွာ ယုံကြည်ကြရမည်ဖြစ်သည်။

No comments:

Post a Comment