Monday, August 8, 2016

ဗုဒ္ဓဘာသာ စကားလုံးများ အဓိပ္ဂာယ်

(က) ကိုးကွယ်မှု = အားကိုးလျှင် - ကာကွယ်ပေးခြင်း

(အမှား) - ကြောက်ရွံ့မှု (ကမ္ဘာဦးအစ ကပ်ဘေးများကြုံ)၊ဆုလာဒ်ရလိုမှု (သားဆုပန်၊ လာဘ်လာဘ လိုချင်) ကြောင့် မသိမမြင်၊ အကြောင်းအကျိုး မမှန်တာလုပ်သော မှားယွင်းသောအယူ။
(အမှန်) - အကြောင်းအကျိုး မှန်ကန်မှုရှိသော ကိုးကွယ်မှုဆိုလျှင် ခွန်အားမျှ ဖြစ်သည်။

(ခ) ဘာသာ = စကား၊ အပြော၊ အယူဝါဒ
ကမ္ဘာပေါ်တွင် ဘာသာကြီးလေးမျိုးအနက်မှ ဟိန္ဒူဘာသာသည် ပထမဦးဆုံးပေါ်လာသည့် ဘာသာ ဖြစ်ပြီး စပေါ်သည့် ခုနှစ်မသိရသော်လည်း ဘီစီ ၁၃၀၀ ခန့်တွင် စတင်သည်ဟုခန့်မှန်းကြပါသည်။ ဗုဒ္ဓဘုရား အလောင်းသည် (ခရစ်တော်မပေါ်မီ) (၆၂၃ ခုနှစ်) မှာမွေးခဲ့သည်။ယေရှုခရစ် (ခရစ်ယန်ဘာသာ) ထက် နှစ်ပေါင်း ၅၀၀ နီးပါး၊ မိုဟာမက် (အစ္စလာမ်ဘာသာ) ထက် (၁၁၇၀) နှစ်စောပြီး မွေးခဲ့သည်။

(ဂ) သာသနာ = အဆုံးအမ
- ပဋိယတ္တိသာသနာ = စာသင်၊ ဟောပြော၊ ဆွေးနွေး
- ပဋိပတ္တိသာသနာ = စာအသိ၊ အပြောအသိကို ခန္ဓာကိုယ်တွင်း ရှုမှတ်
- ပဋိဝေဓသာသနာ = ခန္ဓာတွင်း ရှုမှတ်ကျင့်လို့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် အကျိုးရ

(ဃ) ကျေးဇူး = မိမိနှင့်အများအတွက် အကျိုးရှိစေသော ဆောင်ရွက်ချက်
- အများဆိုင်ရာ ကျေးဇူးရှင် = ဘုရား၊ တရား၊ သံဃာ
- မိမိဆိုင်ရာ ကျေးဇူးရှင် = မိဘ၊ ဆရာ

(င) ပုံတော်နှင့်ဂုဏ်တော်
ပုံတော် = (မျက်စိမြင်) (ပျက်စီးနေ) (-)
               (တစ်ခဏ) (အကာ)
ဂုဏ်တော် = (ဥာဏ်မြင်) (တိုးတက်နေ) (+)
                  (ထာဝရ) (အနှစ်)

(စ) ပါရမီ = မြင့်မြတ်သူတို့ ဖြည့်စွမ်းရသောအလုပ် (Noble deed, Noble task)
(ယခုဖြည့်ချင် ယခုဖြည့်လို့ရ၊ မြင့်မြတ်စိတ်ထားပြီး ဖြည့်ရန်သာလို)

No comments:

Post a Comment